Final (Uni & Zawgyi)

33.6K 1.6K 176
                                    

နာကျင်နေသော ခန္ဓာကိုယ်တစ်ခုလုံးနှင့်အတူ နားထဲတွင်လည်း စကားပြောသံကြားနေရသည်မို့ မျက်ဝန်းများဖွင့်ကြာ့်မိသည်။ အိပ်ယာအနေအထားကိုပြောရမည်ဆ်ိုပါလျှင် ကိုယ့်အိပ်ယာပေါ်တွင်မဟုတ်မှန်း မွေ့ယာအထိအတွေ့က သက်သေပြနေသည်။

အသံကြားရာကြည့်မိချိန်တွင် ခြေရင်းဘက်တွင်ထိုင်နေသည့် ကျောပြင်ဖွေးဖွေးကိုတွေ့ရသည်။ ဖုန်းပြောနေသည်က အမိန့်များတစ်ခုပြီးတစ်ခုပေးနေသော ဒုသခင်လေးပင်။

သက်ပြင်းသာချမိတော့သည်။ တိမ်ယံ့အစီအစဥ်အောင်မြင်ပါက အေးချမ်းတော့မည်မှာသေချာသော်လည်း စိတ်တွေလေးလံကာရယ် ရင်ပူတော့ပူနေရသည်။

တင်တင်ထွဋ်ဆိုသည်ကလည်း နောက်ခံတွင် နည်းတဲ့အင်အားပိုင်ဆိုင်ထားသူမှ မဟုတ်လေပဲ။

တိမ်ယံနှင့်အတူ ဒုသခင်လေး ခရီးထွက်ကျဦးမည်တဲ့လား။ သူများအကြောင်းတွေ မတွေးနိုင်သေးပေ။ ညက ကိစ္စရှင်းရမည်။

တင်တင်ထွဋ်၏ရှေ့နေနှင့်သူမ၏လူတစ်သိုက် လှုပ်ရှားမှုများကို သူလျိုများဆီမှသိရသည်ကြောင့် တစ်ခုချင်းတစ်ချက်ချင်းကို စီစဥ်နေရသည်။ တိမ်ယံ့ ဦးလေးဆီမှ တည်နေရာများကို လင့်ခ်ပို့လာသည်မို့ ဖုန်းကိုကြည့်နေစဥ်
ကျောပြင်ပေါ်သို့ကျလာသည့် အိစက်စက်အရာတစ်ခု။
တခြားတော့မဟုတ် ခေါင်းအုံးပျံပင်ဖြစ်လေသည်။

ကုတင်ပေါ်တွင်အိပ်နေသူသည် ချစ်ရသူဖြစ်နေသည်ဆိုသည့် အသိမှာ နံနက်ခင်းနေမင်းကြီး၏ဆည်းဆာရိပ်ထက် လှပသည်။

မကြာမီကြားရတော့မည့် ချစ်ရသူ၏စိတ်ဆိုးမာန်ဆိုးဖြင့် အော်မည့်အသံများသည် နံနက်ခင်းအစာရှာထွက်သော ကျေးငှက်ကလေးများ၏ သံသာသာသီဆိုသည့် သီချင်းထက်များထက် သာယာနာပျော်ဖွယ် ကောင်းနေတော့မည်မှာသေချာပါသည်။ လူကိုမျက်လုံးများစွေကာ ရန်မူနေသောအကြည့်လေးဖြင့်ကြည့်နေသူသည် မနေ့ညကမှ ကိုယ်ပိုင်ဆိုင်ခဲ့ရသူဖြစ်လေသည်။

"နိုးပြီလား.....လုံနောင်....."

စ နောက်ချင်သည်မို့ ကိုယ့်မျိုးရိုးအမည်ကို သူ၏နာမည်ရှေ့တွင် တပ်ပေးလိုက်သည်။

အကို (Completed)Where stories live. Discover now