part - 1 (Uni & Zawgyi)

98.9K 4.3K 87
                                    

လွန်ခဲ့သော ၇လ ခန့်ကပင်.......

ဝမ်း ငိုယိုကာ အိမ်မှထွက်လာရသည်။ လက်ထဲတွင်လည်း တစ်ပြားမှမရှိ ၊ အဝတ်အစားအပိုလည်းမပါသလို နေပူကြီးထဲတွင်လည်း ဖိနပ်မပါသော ခြေဗလာဖြင့် ဘယ်မှမသွားတတ်ပေ။
ဘာမှမသိ နားမလည်သော သူအား အိမ်ပေါ်မှ ဤသို့မောင်းထုတ်ရက်လေသည်ကြောင့်လည်း
ငိုနေမိပါတော့သည်။ အင်းလေးမှ အဖွားအိမ်သို့လဲ ဘယ်လိုပြန်ရမလည်း မသိခဲ့ချေ။

မနက်နိုးစဉ်တည်းက ဘာမှမစားရသေး၍
ဗိုက်ဆာနေခဲ့သည်။ အချိန်အားဖြင့် ယခုဆိုလျှင်
နေ့လည် ၃နာရီလောက်ပင် ရှိနေလေပြီ။ ရေသောက်ချင်လာ၍ ရေအိုးလေးများတွေ့လိုတွေ့ငြားရှာလိုက်သည်။ ပူလောင်လှသော
လမ်းမကြီးထက်ဝယ် အကောင်းစားတိုက်အိမ်ကြီးများ၏ အပြိုင်အဆိုင်အရောင်အဝါတောက်ပနေမှု
များမှလွဲ အေးချမ်းခြင်းတစ်ခုမတွေ့ခဲ့ပေ။

တော်တော်ကြာအောင် လမ်းလျှောက်​လိုက်ရသည်။
နောက်ဆုံးတွင် လမ်းချိုးလေးတစ်ခုကိုကွေ့ပြီးနောက် ရေအိုးစဉ်​တစ်ခုတွေ့လိုက်ရ၏။ ရေအိုးထဲမှရေအား အငမ်းမရသောက်ပစ်လိုက်ရသည်မှာ ဘယ်နှစ်ခွက်မှန်းမသိသလို ရေအိုးအတွင်းလက်လှမ်းနေမိခြင်းကလဲ အခါခါ။

ရေ ဝဝလင်လင်သောက်ပြီးသည့်တိုင် ဆာလောင်နေသေးသောဗိုက်ကလည်း ထိန်းမနိုင်၊သိမ်းမရ အော်ဟစ်နေဆဲ။ အမှတ်မထင်ပါပဲ ရေအိုးစဉ်ဘေးတွင် ပေါင်မုန့်တစ်ထုပ်တွေ့လိုက်ရ၏။
ဘယ်သူ့ဟာမှန်းမသိရ၍ လက်လှမ်းဖို့ကမရဲတရဲ။ သူတစ်ပါးပစ္စည်း မယူရန်တွေးသော်ငြားလည်း ပတ်ဝန်းကျင်က တိတ်ဆိတ်နေပြီး ဖြတ်သွား၊ဖြတ်လာ လူတစ်ဦးမှမတွေ့ရသလို ဘယ်သူမှလည်း မရှိနေပေ။

ထိုပေါင်မုန့်အထုပ်လေးအား ဖောက်လိုက်သည်။ အစိမ်းရောင်ဖြစ်နေသည်များ အမဲရောင်လေးများအား ဖယ်ပစ်လိုက်၏။ ဤအရာများသည်က မှိုတက်နေခြင်းဖြစ်ကြောင့် ကိုယ်တိုင်သိပါ၏။
သို့သော်လည်း ဆာလောင်နေသည့် ဗိုက်ကြောင့်
မျက်ရည်များအကြား ထိုပေါင်မုန့်အား စားကာ
ရေဖြင့်မျှောချလိုက်သည်။ ရေအိုးစင်အောက်ဖက်သို့ အကြည့်ရောက်ချိန်တွင် နောက်ထပ်ပေါင်မုန့်နှစ်ထုပ်မှာလည်း ပြုတ်ကြနေလေသည်။ နောက်နေ့အတွက် တွေးမိပြီးနောက် ထိုပေါင်မုန့်အားယူကာ မျက်ရည်များစွာဖြင့်
ခြေဦးတည့်ရာ လျှောက်နေမိတော့သည်။

အကို (Completed)Where stories live. Discover now