Part - 38 (Uni & Zaw)

15.8K 1.4K 86
                                    

အဖြူရောင်ရင့်ရင့်အနောက်တိုင်းဝတ်စုံနှင့် အနီရောင်နက်ခ်တိုင်လေးအားကျန သေသပ်စွာဝတ်ဆင်ထားသော်လည်း ခန့်ညားမနေပါပဲ ချစ်စဖွယ်ကောင်းကာ ချောမောလှသည့်တူလေ ဝမ်းလေး အား ကြည့်ပြီး ရင်ထဲတွင်အစိုင်အခဲများစွာက လေးလံလျက် ပေါ့မသွားသေးပေ။ တိမ်ယံ့ရောဂါသည်လည်း ဘာမှန်းမသိသေးပေ။ လွန်ခဲ့သော ၇ ရက်ကသောင်းကျန်းခဲ့သမျှ အခုတော့ သူမဟုတ်သလို လိမ္မာကာ
ငြိမ်နေပြန်သည်။

"အန်ကယ်လ်လုံ သွားရအောင်လေ....."

ကားတံခါးအဆင်သင့်ဖွင့်ပေးထားသည်ကြောင့် ကားနောက်ခန်းတွင် ဝင်တိုင်ကာ အိမ်အဝင်အဝသို့ငေးကြည့်ရင်း
သက်​ပြင်းချမိလေတော့သည်။ ဝမ်း ရဲ့ မျက်နှာတွင်
ထိုးကြိတ်ခံထားရသည်က အရောင်ကျကာ သက်သာနေပြီဖြစ်သည်။ ဖိတ်ကြားထားသည့် ညစာစားပွဲမှာလည်း မသွား၍မဖြစ်သည့် သူ​ဋ္ဌေးတစ်ဦး၏ ဘဏ်လုပ်ငန်း
နှစ်ပတ်လည်ပွဲဖြစ်ရာ တလေးတစားဖြင့် အိမ်တော်အထိရောက်လာကာ ဖိတ်ကြားသွားသည်ကြောင့် ဂုဏ်ပြုစကားဆိုရန်ပွဲတက်ရပေသည်။

VVIPဆိုသည့် ဝိုင်းတွင် နေရာပေးသည်ကြောင့် အန်ကယ်လ်လုံနှင့်ဝင်၍ထိုင်လိုက်စဉ် တစ်ဖက်ဝိုင်းမှ တယောက်ယောက်ကြည့်နေသယောင် ခံစားမိသည်။
ထိုဝိုင်းသို့ကြည့်မိရာ VVIPဟုရေးထားသည့် အခြားဝိုင်းတွင်ထိုင်နေသည့် မမကြီးသည် အပြုံးချိုချိုဖြင့် နှုတ်ဆက်လျက် လက်လှမ်းပြလေသည်။

မြန်မာပြည်ရောက်သည်က တစ်လသာပြည့်တော့မည် မမကြီးဆီသို့အကြောင်းလဲမကြားမိသလို မသွားလဲမသွားဖြစ်ပေ။ အန်ကယ်လ်လေးကိုယ်တိုင်ကလည်း အကိုသည် လုံအိမ်တော်တွင်နေထိုင်နေသည်ကို သူမအားမပြောထားပေ။ သူမကိုယ်တိုင်လည်း ဝမ်း မြန်မာပြည်ရောက်နေသည်ကို သိသော်ငြား လာရောက်မတွေ့ခဲ့ချေ။ ထွဋ်အိမ်တော်၏စီးပွားရေူမှာ ဝမ်း ၏လက်အောက်တွင်ရှိနေသည့်တိုင် မမကြီးသည် ဝမ်းဆီလို့လာရောက် တွေ့ဆုံနှုတ်ဆက်ခြင်းမပြုခဲ့ပေ။

'ဝမ်း က သွားတွေ့စရာလား...ဝမ်း လက်အောက်လုပ်ငန်းစုရဲ့သူေဋ္ဌးတွေက ဝမ်း ကို လာတွေ့ရမှာမဟုတ်လား...
ဝမ်း သာ မမကြီး၏ ရှယ်ယာတွေကိုသာ ပယ်ချလိုက်လျှင်........ကမ္ဘာ့သတင်းတစ်ခုတောင်ဖြစ်သွားဦးမယ်......'

အကို (Completed)Où les histoires vivent. Découvrez maintenant