Part -19 (Uni & Zawgyi)

18.1K 1.8K 107
                                    

အကိုခရီးသွားသည့်နေ့မှစကာ တစ်ခုခုဆို ကိုဗညားအား
ပြောပြဖြစ်သည်။ယခုလည်း ကိုဗညားဆီသို့ ဖုန်းခေါ်နေသည်မှာ မနေ့တည်းကပင်။ ယခုအချိန်ထိမကိုင်သေး။
ကြားထဲ စက်ပိတ်ထားသည်ဟုပြောနေသည်ကလည်း
တစ်ညလုံးနီးပါးပင်။ ခုမနက် ၁၁နာရီရှိနေသည်ကြောင့် ခေါ်ကြည့်ရာဖုန်းဝင်သွားလေပြီ။

"ဟယ်လို...ကိုဗညားလား...."

"ဝမ်းလား...."

ကြားနေကျ ကိုဗညား၏အသံမဟုတ်ပါပဲ ခပ်သြသြအသံကြီးကြောင့် လန့်သွားရလေသည်။

"ဟုတ်ပါတယ်ခင်ဗျ...အခုပြောနေတာ ကိုဗညားမဟုတ်ဘူးလား....."

"ဗညား ကားအက်ဆီဒင့်ဖြစ်လို့ဆေးရုံရောက်နေတယ်
ဝမ်း.........."

"ကားဘာဖြစ်တာအကိုကြီး...."

"ကားတိုက်မှုဖြစ်တာ..... ကားတိုက်မှုဖြစ်တာ စိုးရိမ်ရတဲ့အခြေအနေပဲ....."

"ဗျာ.....အဲ့ အဲ့ဒါဆို အကို့ကို အကြောင်းကြားလိုက်ပါလား....အခုပြောနေတဲ့ အကိုကြီးက အကို့ကိုသိမလားဟင်....."

"ကိုယ်ကတိမ်ယံ့ အန်ကယ်လ်လေးပါ......
ခုအကြောင်းကြားထားပါတယ်....ဝမ်း အိမ်မှာ အဆင်ပြေအောင်နေနော်......."

ဟုတ်ကဲ့ဟုဆိုကာ ဖုန်းချလိုက်ပြီး အိမ်အောက်ထပ်သို့ဆင်းကာ ထမင်းသွားစားလိုက်သည်။ မမကြီးအားရှာကြည့်သော်လည်းမတွေ့သည်ကြောင့် အိမ်အကူအမများအား
မေးစမ်းကြည့်ရာ သူမတို့လဲ မသိကြပေ။

မမလေးသည် အကို့ဖေဖေပြန်လာသည်ကို သွားကြိုနေလေသည်ဟု သိခဲ့ရသည်။ နေသိပ်မကောင်းချင်တာနှင့် အိမ်ပေါ်ထပ်သို့တက်ကာ အိပ်ပစ်လိုက်သည်။ အကိုဖုန်းဆက်သည်ကိုပင် မကြားလိုက် အိပ်ပျော်သွားသည်က အတုံးအရုံးပင်။

ညနေ၅နာရီတွင် ဝမ်း နိုးလာသည် ကိုယ်တွေလက်တွေနာနေပြီး အိပ်ချင်နေသေးသည်။ ကိုယ်လက်ကိုက်ရင်သောက်ဖို့ဆိုပြီး အကို ပြထားသည့်နေရာမှ ဆေးတစ်လုံးယူကာ သောက်လိုက်သည်။ ပြီးနောက် အောက်ထပ်သို့ဆင်းကာ တစ်ခုခုစားရန်ပြင်လိုက်သည်။

"ဝမ်ဝမ်း...."

"ဗျာ...ဦးလေး..."

အကို့ဖေဖေ၏အသံကြောင့် ပြန်ရောက်နေပြီဖြစ်မည်။

အကို (Completed)Where stories live. Discover now