Part - 26 (Uni & Zawgyi)

19.2K 1.8K 57
                                    

ညီဖြစ်သူစောင့်နေသည့် လုံမိသားစုပိုင်သည့် ဘန်ကောက်မြို့ပေါ်မှ Hotelသို့ လာခဲ့လိုက်သည်။ ဟော်တည်ခန်းထဲ
ဝင်လိုက်သည်နှင့် ညီဖြစ်သူမှာ အလောတကောပြေးလာသည်ကြောင့် သားလေးထိုင်နေမည့် အခန်းထဲသို့သာခေါ်သွားခိုင်းမိသည်။

"သားလား....."

"ပါပါး...."

သူဋ္ဌေးလုံ တစ်ယောက်မျက်မှောင်ကြုတ်သွားရသည်က
သားဆိုသည့် သားလေး၏ ခေါ်သံကြောင့်ပင်။
သို့သော်အမူအယာအားချက်ခြင်းပြင်လိုက်ပြီးနောက်
မိန်းမနှင့်သားအား ပြုံးပြလိုက်လေသည်။

"နန်နမ် မင်းမျက်နှာတစ်ခြမ်း ဘာဖြစ်ခဲ့တာလဲ......

"သခင်ကြီးလုံ...."

ထိုခေါ်သံကြောင့် တစ်ချက်ကြည့်သည် ပြီးနောက်ပြုံးလိုက်ပြီး ညီဖြစ်သူအား ကြည့်ကာ ခေါင်းခါပြလိုက်သည်။

"မင်းဘယ်သူလဲ မိန်းကလေး.....ဘာလိုချင်တာလဲ....."

"ရှင့်ကိုသတ်ချင်တာ...."

အနားသို့အပြေးရောက်လာကာ ကိုင်ဆောင်ထားသည့် ဓားဖြင့် ထကာ ထိုးလာသည့် နန်နမ် ယောင်ဆောင်ထားသည့်
အမျိုးသမီးအား အနောက်တွင်ရပ်နေသော ညီနှင့် သက်တော်စောင့်အချို့ ဖမ်းထိန်းကာ ကျန်နှစ်ယောက်သည်ကလည်း သားဆိုသည့် ကောင်လေးအား ဆွဲထားကြသည်။

"ကျွန်မအကိုကြီး သေရတာ ရှင့်ကြောင့်......
အကိုကြီးအိမ်မီးလောင်တော့ အခန်းထဲက အကိုကြီးကိုဆွဲဲပြီး ပြေးတဲ့အချိန် မီးဟပ်လို့ ဘဝတစ်ခုလုံး အကျည်းတန်ခဲ့ရတာရှင့်ကြောင်....အစ်မနမ်နဲ့မောင်အငယ်ဆုံးနဲ့ ဝေးခဲ့ရတာ
ငါသားတစ်သက်ရှိပြီ....ငါ့သမီးလေး မီးထဲပါသွားရတာ
နင့်ကြောင့် လုံဆိုတဲ့ တရုတ်ခွေးကောင်....
တိုင်းတပါးသူကို သဘောမတူတဲ့ကြားကရအောင်
ငါ့အစ်မကိုလှည့်ဖျားပြီးလက်ထပ်.... ကလေးမွေးမှ စုန်းမွေးတယ်ဆိုပြီး မောင်းချတယ်....လူတွေလွှတ်ပြီးသတ်ခိုင်း...
နောက်ဆုံးထွက်ပြေးရင်း အကိုအိမ်မှာလာနေရတာကိုသိတော့.....ဘာအပြစ်မှမရှိတဲ့ ငါ့အကို မိသားစု ကို မီးရှို့သတ်ခိုင်းပြန်တယ်.....နင်ယုတ်မာလွန်းတယ် ငါနင့်ကိုသတ်မယ်........"

အကို (Completed)Opowieści tętniące życiem. Odkryj je teraz