Part - 22 (Uni & Zawgyi)

20.3K 1.9K 168
                                    

အင်းလေးမှပြန်လာပြီးနောက်ရက်တွင်
ကေသရာထိုင်နေသည့်နေရာသို့တင်တင်ထွဋ်လျှောက်သွားကာ ဖုန်းလာနေသည်ကို ကိုင်ရန်ပြင်နေသည့် ကေသရာ့အား
ပြောလိုက်လေသည်။

"ငါ့မောင်လေးက သူ့ယောကျာ်းဝမ်းလေးကို
လွမ်းလို့ဆက်တာနေမယ်.........."

လက်တို့တွန့်ကာရပ်တန့်သွားသည့် သူမအား ခပ်ပြုံးပြုံးပင်ကြည့်နေလိုက်သည်။

"ဟယ်လို......"

"ဟုတ်ကဲ့ ကိုကြီး......"

"မမကြီး.... တိမ်ယံက သဘက်ခါပြန်ရောက်မယ်တဲ့...."

"ဟုတ်လား.....ဝမ်း နေကောင်းရဲ့လားမသိဘူးနော်....."

ခပ်တည်တည်ပင် ရှေ့တည့်တည့်ကြည့်ကာ ဟုတ်လားပြောပြီးကာမှ ဝမ်းအကြောင်းထမေးကာ ကျွန်မဘက်ဘက်သို့ကြည့်လျက် ခပ်ပြုံးပြုံးပင်လှည့်မေးသည့် သူမအား
တစ်ချက်ကြည့်လိုက်သည်။

"ဝမ်း က နေမကောင်းရအောင် သူကဘာရောဂါဖြစ်နေလို့လဲ... တကယ်တမ်းကလေးပျက်ကျခဲ့ရတဲ့ ကျွန်မ ကိုတော့
သက်သာလားမေးသင့်တယ်ထင်တယ်....."

ကေသရာ့အား တစ်ချက်ကြည့်ကာ နှစ်နှစ်ကာကာပြုံးပြလိုက်သည်။

"ေသြာ်" ဟုဆိုကာ အံ့သြသွားသည့်ပုံ လုပ်ပြနေသည့် အဘွားကြီး ပါးစပ်ကိုလက်ဝါးဖြင့်ပါ အုပ်သွားသေးသည်။
အလွန်အမင်းအံ့သြနေသည်ပေါ့လေ။

"ကလေးက စစ်ရောစစ်ရဲ့လား....
ငါက နင်မြုံနေတယ်ထင်ခဲ့တာ မမလေးကေသရာရဲ့...."

"ရှင်......"

လက်ငြိုးထိုးကာ ငေါက်ခနဲ ထထိုင်ပြီး ကိုင်ထားသည့်
ခေါင်းအုံး​ဖြင့် ပစ်ပေါက်လာသည်က သိပ်ကလေးဆန်လွန်းသည်။ လူတွေက မှန်တာပြောလျှင် နာကျသည်မဟုတ်လား။ တကယ်ကိုလဲ ကေသရာသည်က ကလေးမရနိုင်ပဲ။

ကျွန်မဆီမှ စမ်းရည်သည် ကေသရာ့အတွက် အမြဲတမ်းလာယူနေသည့် ဆေးအမှုန့်တွေမှာ ကလေးမရနိုင်ပဲ မြုံနေစေသည့် ဆေးတစ်မျိုးပင်။ တမင်တကာကို ထိုဆေးတွေတိုက်ခဲ့သည်ပဲမဟုတ်လား။ မနေ့တနေ့ကမှတိုက်ခဲ့သည်မဟုတ်ပေ။ အိမ်ပေါ်သို့အဖေဆိုသည့် လူ ခေါ်တင်လာတည်းက တိုက်နေခဲ့သည်။သူမစားမည့် အစာတိုင်းထည့်​ကျွေး နေခဲ့သည်ပဲ။

အကို (Completed)Where stories live. Discover now