Part - 31(Uni & Zawgyi)

18.1K 1.7K 155
                                    

အဘွားနမ်တစ်ယောက်ဆွဲကြိုးရောင်းချခဲ့သည့် သူဌေး၏ဆိုင်သို့ရောက်ချိန်တွင် ဆိုင်တံခါးကြီးပိတ်လျက်သားတွေ့ရသည်။ ဘေးဘက်မှ တံခါးအသေးလေးအား
ရဲအရာရှိများက ဘဲလ်တီးလိုက်ချိန်တွင် ကောင်မလေးတစ်ဦးလာဖွင့်ပေးသည်ကြောင့် ခပ်တည်တည်ပင်ဝင်ခဲ့လိုက်သည်။ ကိုယ်မှားသည်မှ မဟုတ်လေပဲ။ ဘိုးဘွားပိုင်ပစ္စည်းကို ရောင်းချခဲ့သည်ကိုပင် တပါးသူကခိုးပါသည်ဟု
စွပ်စွဲသည်ကြောင့်ဒေါသတို့ကထွက်ရသည်။
တဆက်တည်းမှာပဲ ထိုလူကိုလည်း အမှုန့်ကြိတ်ပစ်ချင်သည်။ ဘယ်လိုလူမျိုးက ပိုင်ဆိုးပိုင်နင်း လိမ်နိုင်သည်လဲဟုတွေးလိုက်မိသော်လည်း ဘယ်သူဆိုသည်ကို ဘယ်လိုမှခန့်မှန်းမရချေ။

ဧည့်ခန်းဟုထင်ရသည့်နေရာသို့ဝင်လိုက်ချိန်တွင် ကျောပေးကာထိုင်နေသည့် လူတစ်ဦးနှင့်အမျိုးသမီးတစ်ဦးရှိပြီး
သူဌေးဆိုသည့်လူကလည်း အဝင်အဝမျက်နှာချင်းဆိုင်မှခုံတွင် ထိုင်နေလေသည်။ တစ်ချက်ကြည့်ကာ ထိုအနားလျှောက်သွားလိုက်သည်။ ကျောပေးထိုင်နေသည့် အမျိုးသားကြီး၏မျက်နှာကိုမြင်လိုက်ရချိန် အံ့သြကာ အမြဲတမ်းတသသဖြစ်နေခဲ့ရသည့်လူမို့ နှုတ်မှယောင်ယမ်းကာခေါ်လိုက်မိသည်။

"စစ်လျှံ....."

"နန်နမ်.....နန်နမ်...တကယ် တကယ်မင်းလား..."

အနားသို့လျှောက်လာသည့် ထိုလူ့ကြောင့် အနောက်သို့ဆုတ်ကာ ပြေးပေါက်ကိုရှာလိုက်ရသည်။ သို့သော် အနက်ဝမ်းဆက်ဝတ်လူများ ဘယ်ကပေါ်လာသည်မသိ
ထွက်ပေါက်ကိုပိတ်ထားလေသည်။ထို့ကြောင့် ဘေးခုံမှအမျိုးသမီးအားကြည့်ကာ နာမည်တစ်ခုခေါ်လိုက်မိတော့သည်။

"နွန်နန် (နွန် ဆိုတာ ထိုင်းလို ညီမလေးလို့ခေါ်ပါတယ်)"

"ပီနမ်.... ပီ....(ပီ ဆိုတာ ထိုင်းလို အမလို့ခေါ်ပါတယ်)"

မျက်ရည်များစွာဖြင့် အံ့သြဝမ်းနည်း၊ ဝမ်းသာဖြစ်ကာ ညီမဖြစ်သူအား ဖက်ကာငိုမိတော့သည်။ ညီမက ဘာလို့ သူဋ္ဌေးလုံနဲ့ ရှိနေရသည်လဲ။ သို့သော်မတွေးနိုင်သေးပေ။ မတွေ့ရသည်က ဆယ်စုနှစ်တစ်စုပင် ပြည့်တော့မည်မို့ တစ်ယောက်တည်းရှိသည့်ညီမဖြစ်သူအားဖက်ကာ ငိုလိုက်မိသည်။

အကို (Completed)Where stories live. Discover now