Part - 15 (Uni & Zawgyi)

21.8K 1.8K 221
                                    

အခန်းထဲရှိနံရံတွင်ချိတ်ဆွဲထားသည့် မိခင်ဖြစ်သူ၏ဓာတ်ပုံအားသေချာစွာစိုက်ကြည့်ရင်း စိတ်ထဲ၌ မိခင်နှင့်အတူ စကားများပြောဆိုနေသည်။ လှုပ်လိလှုပ်လဲ့ ကုလားထိုင်ကြီးအားလည်း အရှေ့နောက်ခန္ဒာကိုယ်ယိမ်းကာ
မိခင်၏ ဓာတ်ပုံအားသေချာစွာကြည့်ကာ ပြုံးနေလေသည်။

'မေမေသိလား၊ သမီးအခုပဲ မွေးနေ့လက်ဆောင်လှလှလေးရခဲ့တယ်....အရမ်းကြိုက်တယ်မေမေ အဲ့ဒီ့မွေးနေ့လက်ဆောင် သိပ်အဖိုးတန်တာပဲ....မေမေအဲ့မှာအဆင်ပြေရဲ့လား...?မေမေ့ကိုအဖော်ပြုပေးဖို့ မကြာခင်လူတွေလွှတ်ပေးပါ့မယ်....မေမေ့ရဲ့ခိုင်းကျွန်လုပ်ပေးဖို့ပါ သမီးစီမံပေးမယ်သိလား...မေမေအေးအေးဆေးဆေးအနားယူနော်..............'

ဖေဖေဆိုတဲ့လူကိုအရင်ပို့ရမလား....?

အဲ့လူရဲ့မယားငယ်ကိုပို့ရမလား.....?

တိမ်ယံကို့ပို့ရမလား......?

ခပ်ပြုံးပြုံးဖြင့် မိခင်ဖြစ်သူကိုကြည့်ကာ စကားများအား
စိတ်ထဲမှပြောကာ အခန်းကြီးတစ်ခုလုံးတွင် ခုံလှုပ်နေသည့်အသံသာကြားနေရလေသည်။

မေမေပြောပါဦး။ သမီးရဲ့အသက်၃၀ပြည့်မွေးနေ့လေးက
ကျက်သရေရှိမနေဘူးလား။အခန်းထဲမှာ ဖေဖေဆိုတဲ့လူက သူသိပ်ကြိုက်တဲ့မိန်းမတွေနဲ့ သာယာနေပြီ။
တိမ်ယံကတော့ မစိတ်မွှန်နေပြီး
သူ့အဖေရဲ့မယားနဲ့ ညားနေပြီ။
ဟက်....ဝမ်း ဆိုတဲ့ကောင်လေးကလဲ
သမီးအတွက် လက်ဆောင်လေးပေးပြန်တယ်သိလား။ သူ့အတွက်မစီစဉ်ပါပဲနဲ့ကို အလိုလိုအလိုက်တသိပဲ
ကံကြမ္မာက သမီးဘက်မှာရှိနေပြီ မေမေရဲ့။

"မယားလုပွဲလာတော့မယ်......ဟား.........ဟား........"

'အိမ်ထဲမှာရော...အခန်းတိုင်းမှာ အသံတွေက အချစ်ရည်မွှန်နေကြတာများလား ဟား..............
မဟုတ်ဘူး မေမေ....အဲ့ဒါ....
အဲ့ဒါကလေ ဟင်းဟင်းဟင်းဟင်း
အဲ့ဒါ ကာမဆေးတွေမွှန်ကုန်တာ
ဟား......ဟား..........ဟား............'

ထိုနေ့ညကတကယ်ကိုပင် အခန်း၃ခန်းလုံးတွင် မကြားဝံ့မနာသာအသံပေါင်းစုံမှာ အိမ်ကြီးထဲပျံ့နှံ့လျက် မိန်းမတစ်ဦး၏ တဟားဟားနှင့်ရယ်သံသည်လည်း ခြောက်ခြားဖွယ်ရာ ထွက်ပေါ်နေသည်။ အိမ်အကူများမှာ သိမ်းဆည်းပြီးနောက် ကားဂိုဒေါင်ဘေးမှတန်းလျားသို့ ပြန်သွားကြသော်လည်း အိမ်မကြီးထဲတွင်နေထိုင်သော ဗညားမှာတော့
သက်ပြင်းများသာချရင်း အခန်းထဲတွင် တစ်ညလုံးငုပ်တုတ်ထိုင်နေခဲ့ရသည်။

အကို (Completed)Where stories live. Discover now