Part -6 (Uni & Zawgyi)

24.6K 2.4K 345
                                    

အိပ်ယာမှနိုးသည်က မနက်၅နာရီဖြစ်လိမ့်မည်။
အင်းလေးမှာဆို ၅နာရီဆိုသည်နှင့် ဈေးထွက်သည့်လှေများ၊ဘုန်းတော်ကြီးများ အာရုံဆွမ်းအမှီပြေးသောလှေများကြောင့် နိုးတတ်သလို ယခုတွင်လည်း ဝမ်း နိုးနေပြီ။
နာကျင်နေသည်က အောက်ပိုင်းတစ်ခုလုံး ရစရာမရှိပေ။
သို့သော်ဝမ်းစိတ်မဆိုးရက်ပါ။

အကိုပြောသည့် လင်မယားဆိုတာ
ဒါမျိုးဖြစ်ကြသည်ဆိုသည့် စကားအရ
စိတ်မဆိုးနိုင်တော့ပေ။

တခြားသူအား ဤသို့မလုပ်ခိုင်းနှင့်
မထိကိုင်စေနဲ့ဟုလည်း အကိုပြောသေးသည်။
နာကျင်သော်လည်း ဝမ်း ကျေနပ်သည်။
ကြိုက်လည်းကြိုက်သည်။ ဝမ်း ဘက်မှလည်း တောင်းဆိုသည်က နှစ်ခါပင်မို့ မပြီးပြတ်နိုင်ကာ ပိုဆိုးသွားသည်နေမည်။

ရေချိုးသန့်စင်လိုက်တော့ ပေါ့ပါးသွားခဲ့လေပြီ။
အကျီဘောင်းဘီလဲကာ အိပ်နေသည့် အကို့နားသွားပြီး
ပါးပြင်လေးအား နမ်းရှိုက်လိုက်သည်။
အကို ပြုံးသွားခဲ့သည်။နိုးနေပြီလား။

"ဝမ်း...မနက်စာသွားပြင်တော့မှာလား..."

"ဟုတ်ကဲ့ အကို..."

"တခြားသူခိုင်းရင် ဘာမှမလုပ်နဲ့နော်...
အကို့ ကိုပြော...ဝမ်း လုပ်ပေးရမှာ အကို့အတွက်ပဲ
ကြားလား....."

"ဟုတ် အကို....စောသေးတယ်ပြန်အိပ်လေ..."

"အင်း.....ရှမ်းခေါက်ဆွဲလုပ်ပေးနော် ဝမ်း....
လ်ဘက်ရည်ရယ်၊ ငါးဖက်ထုပ်ပြုတ်ဟင်းချိုလေးနဲ့"

ကုတင်ပေါ်ဘေးတစ်စောင်းထိုင်နေသည့် ဝမ်းကို ခါးအထက်မှဖက်တွယ်ကာ ပေါင်ပေါ်ခေါင်းအုံးအိပ်လာပြီး
ထိုသို့တောင်းဆိုသည်မို့ ဘယ်သူကမလုပ်ပေးပဲနေနိုင်မည်လဲလေ။

"ဟုတ် အကို...အကိုပြောတာ ဝမ်း အကုန်လုပ်ပေးမယ်...ချစ်တယ် အကို......."

"အင်း...အိပ်ပြီ"

ပြုံးပြကာ ခေါင်းငြိမ့်ပြပြီး အကိုမှာသည်များကိုလုပ်ပေးရန်
မီးဖိုထဲဆင်းလာခဲ့သည်။ အိမ်အကူသုံးယောက်လုံး
မီးဖိုထဲတွင် ချက်ပြုတ်နေကြသည်။
ဝမ်း ကိုမြင်သည်နှင့် နှုတ်ဆက်ကြသည်ကြောင့်
ပျော်သွားရသည်။အပြုံးကိုယ်စီဖြင့် အေးချမ်းသွားရသည်။
နေရာသစ်မှာ လူသစ်တွေနဲ့ ဝမ်းကြောက်နေခဲ့ရသည်။
ယခုတော့ သူတို့နှင့်ရင်းနှီးမှုရယူရန် ကြိုးစားမည်။

အကို (Completed)Where stories live. Discover now