Part - 24(Uni & Zawgyi)

20.2K 1.9K 142
                                    

ကားမောင်းနေရင်းပင် တိမ်ယံတစ်ယောက်
ဝမ်း၏ ဖုန်းလေးဖြင့် အဘွားနမ်ဆီသို့ ဖုန်းခေါ်နေသော်လည်း စက်ပိတ်ထားသည်ဟုသာပြောနေသည်။ ဒီလူတွေဆိုသည်မှာလည်း
ဘယ်လိုနားလည်ရမည်မသိပေ။ ဟိုအရင်အိမ်မှာနေစဥ်တည်းက ဖုန်းဆိုသည်ကို မကိုင်ကြပေ။
ဝမ်း ရန်ကုန်ကိုလိုက်မည်ဟု သိရတော့မှသာ ဦးလေးမှာ
အပြေးအလွှား ခလုတ်ဖုန်းတစ်ခုဝယ်လာသည်။
သုံးသောင်းခွဲဟုပြောပြသည်ကို ရင်ဘတ်ဖိလိုက်သည့်
ဝမ်းအဖွားနှင့် အဖွား၏ကျောအား ပွတ်ကာ ပုတ်ပေးပြီး
နှစ်သိမ့်နေရှာသည့် သားဖြစ်သူဦးလေးအား မြင်ခဲ့ဖူးသည်။

ကျွန်တောျနှငျ့ဝမျး ရန်ကုန်မှာအတူတူရှိစဥ်ကလဲ ထိုကဲ့သို့ပင်။ သူတို့သတိရမှ ဖုန်းဆက်သည်။ ဝမ်း ဖုန်းဆက်လျှင် စက်ပိတ်ထားသည်ဟုဆိုသည်ကြောင့် ဝမ်းတစ်ယောက် ထိုနေ့ကငိုကာနေသည်ကို မနည်းချော့ကာ ရှင်းပြရသေးသည်။

ထိုနေ့ကကျွန်တော်မှတ်မိသေးသည်။
အလုပ်မှအိမ်စောစောပြန်လာသည့်နေ့ကပင်။

အခန်းထဲတွင် ဝမ်း ဖုန်းပြောနေသည့် အသံကြားရသည်။
အိမ်ပြန်လာသည်ကလဲ ဝမ်း လာကြိုနေကြအချိန်မဟုတ်သည်ကြောင့် ကိုယ့်ဘာကိုပင် အိမ်ပေါ်တက်ကာ
အခန်းထဲဝင်လာလိုက်သည်။ ကျွန်တော့်အား မြင်သည်နှင့်
ရယ်ပြသည်။ ထိုင်နေဟုလက်ကာပြကာ အိမ်သာဝင်ချင်သည်ကြောင့် ဝင်လိုက်သည်။ ခဏကြာတော့ ငိုသံကြားရပြီး
ကျွန်တော့်နာမည်အား အော်ကာ ငိုနေလေသည်။

"ဟီး.......ဟီး.......အကို....."

အိမ်သာတံခါးအား ထုရိုက်သံနှင့်အတူ ဝမ်း၏ငိုသံထွက်လာသည်ကြောင့် နာနေသည့်ဗိုက်အား လျစ်လျူရှူ့ကာ ကြိုးစားမနေတော့ပေ။ ဆေးကြောသန့်စင်ပြီး သန့်သည့်လက်နှင့်တံခါးဖွင့်ပေးလိုက်ရသည်။ မဟုတ်လျှင် ထိုကလေးလက်ကျိုးတော့မည်မှာ ဧကန်ပင်။ ထုရိုက်နေသည်က တဗုန်းဗုန်းနှင့်။

"ဘာတုန်းကွာ......ငါ(...)ပါနေတာ....."

"အဖွားသေပြီလား မသိဘူး....."

"ဟမ်....."

လက်ကိုအမြန်မြန်ဆေးပြီး ဘေးမှလှမ်းထားသည့် လက်သုတ်အဝတ်ဖြင့်သုတ်လိုက်ရသည်။ မျက်ရည်အဝိုင်းသားနှင့်ငိုနေလျက် ကျွန်တော့်အားကြည်ကာ ဖုန်းကြီးလက်ထဲထိုးပေးသည်။ ပြီးနောက် ရင်ခွင်ထဲဝင်ကာ ကျွန်တော့်အားဖက်ပြီး အားရပါးရငိုပါတော့သည်။

အကို (Completed)Where stories live. Discover now