part -3 (Uni & Zawgyi)

31.3K 2.8K 88
                                    

အင်းပေါ်မှဈေးသို့လျှောက်ကြည့်ရင်း မည်သူမှမသိစေရန် တင်တင်ထွဋ် တစ်ယောက် ကြိတ်ကြံနေသည့်အကြံမှာ ဝမ်း ၏ ကလေးအား ပြတ်ကျစေရန်ပင်။

အင်လေးမြို့ပေါ်ရောက်တော့ ဝမ်း ဆီသို့မသွားခင် ဈေးထဲပတ်ကြည့်ပြီး ပရဆေးဆိုင်များရှိလိုရှိငြား ရှာကြည့်လိုက်သည်။ အဘွားတစ်ယောက်ဗန်းပေါ်တွင် အမြစ်များအပုံလိုက်နှင့် အထုပ်ငယ်လေးများအစီအရီတင်ထားကာ
"ဘယဆေး" ဟုရေးထားသည်ကြောင့်
ထိုဆိုင်အတွင်းဝင်လိုက်သည်။ ထိုအဘွားကတော့ ဆိုင်လေးထဲ ဘာတွေရှာနေသည်မသိပေ။

"အဘွား....ဒါလေးဘယ်လိုရောင်းလဲ...."

ဘာအမြစ်တွေမှန်းမသိသော်လည်း ဝယ်လိုက်ပါသည်။

"500ကွဲ့...အကုန်ယူသွား ၂၀၀၀ပဲပေး...."

၁သောင်းတန်ထုတ်ပေးလိုက်ကာ ပြန်မအမ်းရန်ပြောလိုက်သည်။ပြီးနောက်တွင် ကိုယ်လိုချင်တာမေးလိုက်မိသည်။

"အဘွား...အကူအညီတောင်းချင်လို့ပါ...."

"ပြောလေသမီး...အဖွားကူပါ့မယ်...စေတနာကောင်းတဲ့သမီးလေး ဘုန်းကြီးလို့အသက်ရှည်ပါစေကွယ်..."

အပြုံးချိုချိုလေးအား လူတိုင်းကြိုက်ကြသည်မို့ ပြုံးပြကာ မိတ်ဖွဲ့လိုက်ပါသည်။

"သမီးမှာလေ ကိုယ်ဝန်ရှိနေတဲ့ညီမလေးက
အသက်မပြည့်သေးဘူး....အဲ့ဒါ........"

စျေးလာဝယ်သည့်ကလေးမလေးက စကားပြောနေရင်း
တွေးဆဆနဲ့ ပြောမထွက်သည့်ပုံလေးပင်။
ဘာများလဲတော့မသိချေ။ သို့သော် ထိုကလေးမလေးက ၁၀၀၀လောက်တန်သည့်ပစ္စည်းကို ၂၀၀၀ နဲ့ရောင်းခြင်းကိုပေ တစ်သောင်းတန်ကိုအတင်းပေးလာသည်မို့ စိတ်ထားလေးကိုတကယ်လေးစားမိသွားသည်။ အသက်အရွယ်ကြီးပြီ အဘွားကိုကန်တော့တာဟုဆိုလာသည်မို့ ဆုတောင်းသာပေးလိုက်ပါသည်။

"ပြီးတော့ သူ့ယောကျာ်းကလဲ တာဝန်မယူဘူးဆိုပြီး
အမျိုးတွေရော တာဝန်မယူဘူးတဲ့....
အခု ညီမလေးရဲ့ကိုယ်ဝန်ကိုဖျက်ချချင်လို့လေ...
အဲ့ဒါ အဘွားရောင်းတဲ့ဆေးမှာ အဲ့လိုဖြစ်နိုင်မယ့်ဆေးများရှိမလားအဘွားရယ် ကူညီပါ........
သမီး...သမီး ပိုက်ဆံလိုရင် အဘွားကိုထပ်ပေးပါ့မယ်..."

အကို (Completed)Donde viven las historias. Descúbrelo ahora