Part - 36 (Uni & Zawgyi)

17.3K 1.5K 126
                                    

ထမင်းစားချိန်ရောက်နေလေပြီကြောင့် ဖတ်လက်စစာအုပ်အား ဘေးသို့ချကာ ကလေးနှစ်ယောက်နှင့် ဆော့နေသည့်အကို့အားကြည့်နေလိုက်သည်။ တခြားကစားနည်းတော့မဟုတ်ပေ။ သားအဖသုံးယောက် ပန်းချီဆွဲနေသည်မှာ
ရောင်စုံခဲတံများ၊ wet tissue များနှင့်ပြည့်ကာ
အကိုဆွဲထားသည်များကို သားနှင့်သမီးက ဒီအရောင်မဟုတ်ဘူး။ ဟိုအရောင်မဟုတ်ဘူးနှင့် ငြင်းခုန်ကာ ဆော့ကစားနေကြသည်။

အကို့ ဦးခေါင်းအထက်တွင် မနေ့ကလှေကားပေါ်မှ
ပြုတ်ကြထားသည့်ကြောင့် ခေါင်းပေါက်ခဲ့သည့်
ဒဏ်ရာအား ကာစီထားသည့် ပတ်တီးဖြူဖြူလေးရှိနေသည်။ ထိုနေရာ​လေးအားကြည့်ကာ စိတ်ထဲတော့မကောင်းပေ။ ညကလည်း အိပ်နေရင်း ယောင်ယမ်းကာ ငိုလိုက်သည်မှာလည်း သားနှင့်သမီးအတိုင်းပင်။ လန့်နိုးကာ ထထငိုပြီး နာသည်ဟုလည်း အော်နေသေးသည်။

"ပါပါးလဲပါမယ်လေ....ဘယ်ပုံဆွဲရမလဲ...."

ထိုသို့ပြောလိုက်သည်ကို သားအဖသုံးယောက်လုံး
ကျွန်တော့်အားမော့ကာကြည့်လာပြီး ပြုံးပြကြလေသည်။
အေးချမ်းလွန်းသည်။ ဘယ်လိုပင်ဖြစ်နေပါစေ
သူတို့လေးတွေကို ဝမ်း မထားခဲ့နိုင်ပါ။ ဤမိသားစုအသိုက်အမြုံလေးကို ဖြိုဖျက်မည့်သူဟူသမျှအား
အကိုမစောင့်ရှောက်နိုင်စဥ် ဝမ်း ကိုယ်တိုင်တိုက်ခိုက်မည်။
အကို ပြန်လာသည့်အခါ အေးချမ်းမှုတွေကိုသာ
ရစေချင်သည်။

"သခင်လေး ဝမ်း.... ထမင်းစားလို့ရပါပြီ....."

သားနှင့်သမီး၏ အထိန်းများသည်က ကလေးနှစ်ယောက်အား ထမင်းစားခန်းသို့ခေါ်သွားကြသည်။ ဝမ်း၏ကလေးကြီးဖြစ်သော အကို့ လက်ကိုဆွဲကာ
ထမင်းစားခန်းကို ခေါ်ပြီး လက်အရင်ဆေးပေးရသေးသည်။လူစုံသွားပြီးနောက် ဟင်းပွဲထမင်းပွဲများစုံသွားသည်။

"အကို့အကြိုက် ရဲယိုရွက်ငါးဖက်ထုပ်စွပ်ပြုတ်လေးရော့...."

စွပ်ပြုတ်ထည့်ပြီးနောက် အကို့ကိုပေးလိုက်သည်တွင် အံ့သြကာ မော့ကြည့်လာလေသည်။

"မင်းဘယ်လိုသိလဲ.....ငါအဲ့တာကြိုက်တာ...."

"အကို့ရဲ့ဝမ်းလေ...မသိပဲနေမလား...."

အကို (Completed)Where stories live. Discover now