Part - 20 (Uni & Zawgyi)

20.8K 1.9K 129
                                    

ဗညားတစ်ယောက်သတိရလာကာ မျက်ဝန်းများဖွင့်ကြည့်မိသည်။ မျက်နှာကျက်အဖြူကြီးနှင့် နှာခေါင်းပေါ်မှအတားအဆီးတစ်ခု၊ ခန္ဓာကိုယ်တစ်ခုလုံး နာကျင်နေသည်က နေရာတိုင်းပင်မက၊ အသွေးထဲအသားထဲကလည်း
တဆစ်ဆစ်ဖြင့်။ ကားတိုက်ချိန်တွင် ဝင်လာသည့် ဖုန်းနံပါတ်လေးအား သတိတရ ရေရွတ်လိုက်သည်။

"အကိုလေး ဝမ်း..."

သို့သော်အသံတို့က ကိုယ်ကြားရုံလောက်သာ။
စကားပြောလိုက်သည်ကိုပင် နာကျင်နေသည့် ခန္ဓာကိုယ်
ကြောင့် ကျွန်တော်သေတော့မည်ကို ကောင်းကောင်းသိနေလေသည်။ အနားသို့ရောက်လာကာ ငုံ့ကြည့်လာသည့် မျက်နှာလေးအား မြင်လိုက်ရသည်ကြောင့် ပျော်သွားရသည်။

"ကိုကို....."

"မောင်...."

"ကိုကို....မောင် မောင် ပြောစရာရှိတယ်...."

'ဝေါခနဲ'ထွက်ကျလာသည့် သွေများအကြား စကားရအောင်ပြောနေသည့် ချစ်ရသူအားကြည့်ကာ စိုးရိမ်နေမိသည်။

"မောင်...မောင်....မပြောပါနဲ့ဦး.....နောက်မှ နောက်မှ..."

မျက်ရည်များစွာကျလျက် တောင်းဆိုနေသည့် ကိုကို့အားလည်း အားနာမိသော်ငြား ကျွန်တော်ပြောမှရမည်မဟုတ်လား။ ကျွန်တော်တစ်ကိုယ်လုံးနာကျင်နေပါပြီ။
သွားရတော့မည်။သံသရာခရီးသို့ သွားရတော့မည်။
သို့ပေသည့်တိုင် အကိုလေးအား စိတ်မချပေ။

အကိုလေး နေမှကောင်းရဲ့လား...?

အစားမှစားရရဲ့လား....?

မမလေးများနှိပ်စက်နေမလား.... ?

စိတ်ပူနေမိသည်က အမှန်ပင်။

"အကိုလေးဝမ်း....အကိုလေးဝမ်းကို ကယ်ပါ....
သူဋ္ဌေး....သူဋ္ဌေးလေး...ပြန်... ပြန်လာမှ...."

'ဝေါခနဲ' ထပ်ကာထွက်ကျလာသည့် သွေးများအားလည်း
မမှုပေ။ အကိုလေးဆိုသည့် ဝမ်းလေး အား စိုးရိမ်မှုတို့ဖြင့်
တဖွဖွပြောနေသည်က ဝမ်း အား ထိုအိမ်ကြီးမှခေါ်ထုတ်ထားပေးရန်နှင့် တိမ်ယံ လာမှ ပြန်ထည့်ပေးရန်သာ။

"စိတ်ချ စိတ်ချပါ...မောင်....
သွားခေါ်ပေးပါ့မယ်....မောင် မောင် နားပါဦးကွာ...."

အကို (Completed)Donde viven las historias. Descúbrelo ahora