Extra - 1

16.3K 1.1K 92
                                    

ပါးပြင်ပေါ်ကျလာသည့် အေးစက်စက်နှုတ်ခမ်းတစ်စုံ၏ အထိအတွေ့တို့ကြောင့် မျက်ဝန်းများမဖွင့်ရသေးရင် နှုတ်ခမ်းတို့တွန့်ကွေးရသည်။ မိုးလင်းတိုင်းထိုသို့ပြုမူတတ်သည်က ကျွန်တော်ချစ်ရသောကောင်လေး ဝမ်း မှလွဲ
ဘယ်သူမှမရှိပါ။ ​တွေ့ရပါပြီ မှန်တင်ခုံရှေ့ကျကျနနထိုင်ပြီး
ခေါင်းသုတ်နေသည့် ကျောပြင်သေးသေးလေးကြောင့်
မျက်မှောင်တို့တွန့်ချိုးရပြန်သည်။ စောင်ပုံထဲကထပြီး နာရီကိုမော့ကြည့်တော့ မနက်၆နာရီဆိုသည့် လက်တံတို့ကိုမြင်နေရသည့် နာရီဒိုင်ခွက်က မင်းဘာတတ်နိုင်သလဲဆိုသည်ကို  ခပ်လှောင်လှောင်ပြုံးကာ ပြောလိုက်သလိုခံစားလိုက်ရသည်။ မနက်ဘယ်အချိန်ထပြီး ရေချိုးခေါင်းလျှော်နေသည်လည်း ဒီကောင်လေးနဲ့တော့ စိတ်ပူရပြန်ပြီ။

"ဘယ်အချိန်ထပြီး ရေတွေချိုး၊ခေါင်းတွေလျော်တာလဲ
ဝမ်းလေးရယ်..........."

ဆူတယ်လည်းမဟုတ်ပါပဲ ဂရုဏာသံရောနှောကာ စိတ်ပူပြီး
ထွက်ပေါ်လာသည့် အသံအဆုံး ဝမ်း ၏ လက်ထဲမှတဘက်လေးက လွတ်ထွက်သွားသည်မှာ ရှေ့မှန်တင်ခုံပေါ်ရောက်သွားသည်။ နွေးထွေးလှသော အမွှေးပွတဘက်တစ်ထည်က ယခုဏတဘက်လေးတစ်ထည် အစားထိုးဝင်ရောက်လာသည်။သန်မာသောလက်တစ်စုံသည် ဆံနွယ်ထက်ဝယ် ခပ်ဖွဖွပြေးလွှားနေမည်မှာ အမွှေးပွတဘက်ပေါ်တွင်ရှိနေပြီး လှုပ်ရှားနေလေသည်။ မှန်ထဲမှာ ပုံရိပ်နှစ်ခုသည် ဝမ်း ကိုပြုံးစေပါသည်။ မနက်စောစောရေထချိုး လောင်းထလျော်မိသည်က ဖျားသွားမည်ဆိုရင်တောင် ယခုပုံစံကိုသဘောကျသည်မို့ တန်သည်ဟုဆိုရမည်။

"ပြုံးမနေနဲ့ ဝမ်းလေးရယ်....အကို ပြောထားတယ်လေကွာ.... မနက်အစောကြီး ခေါင်းမလျော်ပါနဲဆိုတာကို
နားမခေါင်ပြန်ဘူးကွာ.....
ဖျားသွားရင် ဝမ်း ခံစားရမှာလေ........"

"အကို့ကြောင့်လေ....."

ဆူပုတ်ကာ ဝမ်း ပြန်ပြောမိပါသည်။ တစ်ညလုံးအိပ်လို့မရ လူကနုံးစိစိ စေးကပ်ကပ်နှင့် နေလို့ထိုင်လို့မရပေ။ အိပ်မောကျနေရင်း လန့်နိုးသွားသည်မို့ ဆက်၍မအိပ်တော့။နာရီကြည့်တော့ မနက်၅နာရီခွဲလေပြီမို့ ရေချိုးခန်းအတွင်းသွားကာ ရေချိုးလိုက်သည်။ ခေါင်းတွေလည်း နံနေမည်ဆိုးသည်။ အကို့ကြောင့် ညက ချွေးတွေထွက်ထားရသည်။
တော်ပါတော့ မခံစားနိုင်တော့ပါဘူးဆိုသည်ကို တခါတည်းပါနှင့် သုံးခါတိတိနောက်ဆုံး ပင်ပန်းလာသည်မို့ အိပ်ပျော်သွားသည်။ ခဏကြာလို့ နိုးလာတော့ အကို့ ရင်ခွင်ထဲရောက်နေပြီးသား။ စေးကပ်ကပ်နှင့် ဝမ်း လည်းဆက်အိပ်၍မရတော့။ အိပ်လိုက်၊ နိုးလိုက်နှင့် မိုးလင်းသွားသည်။

အကို (Completed)Όπου ζουν οι ιστορίες. Ανακάλυψε τώρα