Extra IV

12.2K 858 57
                                    

"အန်ကယ်လုံ့ မြေးကိုကြည့်ဦး......"

ဝမ်းတစ်ယောက်သဘောတကျ ရယ်နေလေသည်။
ဝမ်းနှင့်မျက်နှာခြင်းဆိုင်မှ လက်တွန်းလှည်းလေးထဲ ထိုင်နေသည့် သားငယ်လေးက မျက်လုံးလေးဝေ့ဝဲကာ ပတ်ဝန်းကျင်အား စူးစမ်းကြည့်နေလေသည်။
သားလေးအားကြည့်၍ အသည်းတယားယားဖြစ်နေသူက ဝမ်း။
မျက်လုံးဝိုင်းဝိုင်းနှင့် ပါးအိအိဖောင်းဖောင်းလေးများက ဝမ်းနှင့်တူသောကြောင့် သားငယ်လေးမှာ ချစ်ဖို့ကောင်းလွန်းနေသည်။

"ကြည့်ဦး ကြည့်ဦး.... ပတ်ဝန်းကျင်ကို လိုက်ကြည့်ပြီး စူးစမ်းနေတာလေး ပါပါး အသည်းတွေယားလိုက်တာ......"

သား၏တွန်းလှည်းလေးအား အသည်းတယားယားဖြင့် တွန်းကာ ဈေးဝယ်စင်တာထဲသို့ ဝင်လာခဲ့ရသည်။
သားလေးကတော့ ပြူးတူးတူးလေးဖြင့်သာ သူမြင်သမျှအရာအားလုံးလိုက်ကြည့်နေမြဲပင်။ တခစ်ခစ်နှင်လည်း သဘောတကျရယ်နေသေး၏။
သားသားနှင့်မီးမီးအား ကျောင်းဝင်ပို့ခဲ့ပြီး
ငယ်ငယ်လေးနှင့်အတူ ဈေးဝယ်ထွက်နေခြင်းပင်။

သားနှင့်သမီးအတွက်ဟုခေါင်းစဥ်တပ်ကာ အကို
မသိရလေအောင် ကိုယ်တိုင်စားဖို့အတွက်လည်း
အာလူးကြော်နှင့် သကြားလုံးချိုချဥ်များဝယ်ရမည်။

"အန်ကယ်လ်လုံ ဦးလေးမှာလိုက်တဲ့ ချောကလက်ဝယ်ဦးနော်..... မေ့သွားလို့ ဦးလေးဆဲရင် အန်ကယ်လုံပဲ အခန်းပြင်ထွက်အိပ်ရမှာ..... အဲဒီအခါကျမှ ဝမ်းရေ ဝိုင်းချော့ပေးပါဦးဆိုပြီး အခန်းထဲဝင်မလာနဲ့..."

ဝမ်းနှင့်သားလေးရပ်နေသော နို့မှုန့်များဝယ်သည့်အတန်းမှ
လှစ်ခနဲပျောက်သွားသည့် အန်ကယ်လ်လုံ့အား
ကြည့်ကာ ရယ်လိုက်မိပါသည်။ ချောကလက်ဘူးသွားယူခြင်းနေပါလိမ့်မည်။

'ယောကျာ်းကြောက်လိုက်တာ လွန်ရောပဲ....'

"ငယ်ငယ်ရေ....ပါပါးအသည်းတုန်းလေးရေ......"

သားငယ်လေးအား ချော့မြူနေသည်မို့ သားလေးမှာလည်း သဘောတကျကိုရယ်နေပြန်၏။ ပါးချိုင့်လေးနှစ်ဖက်နှင့် မျက်လုံးဝိုင်းဝိုင်းလေးကြောင့် မျက်နှာလေးကချိုသည်။ အကို့လိုပင် လက်ပွားလေးတစ်ခုလည်းပါသေး၏။

အကို (Completed)Where stories live. Discover now