Part - 13 (Uni & Zawgyi)

21K 2K 171
                                    

တိမ်ယံ တစ်ယောက် နိုးလာချိန်သည်က ၇နာရီထိုးနေလေပြီ။ ဝမ်း အား ကြည့်လိုက်မိရာ ပါးစပ်လေးဟစိဟစိဖြင့်
အသက်ရှူမှန်မှန်လေးနှင့် အိပ်ပျော်နေသေးသည်။
အပေါ်ပိုင်းဗလာဖြစ်နေပုံထောက်လျှင် ဒီကောင်လေး မနက်ကမနက်စာမပြင်ဖူးနေမည်။ အိပ်ပါစေလေဟုတွေးကာ
ကိုယ်တိုင်လဲ နုံးနေသည်ကြောင့် သူဆိုပိုပင်ပန်းနေမည်။
စနေညတည်းက မရပ်မနားချီတက်နေသည်က
တနလာၤည သန်းခေါင်ကျော်ထိပင်။ အခန်းပြင်လဲမထွက်ကြပေ။ တိမ်ယံပေါက်စသည်လည်း မာန်မကျသလို။
ဝမ်း သည်လည်းမငြင်းဆန်။ သူကိုယ်တိုင် ထပ်ကာထပ်ကာ တောင်းဆိုနေသည်ကြောင့် ဆန္ဒတို့နောက်လက်ပစ်ကူးကြသည်။ တွေးနေရင်း ထိုအိပ်နေသည့်ကောင်လေးအားကြည့်ကာ သတိထားမိလိုက်ချိန်မှာပဲ ကောင်လေး၏
နဖူးလေးဆီသို့အနမ်းတစ်ပွင့်ခြွေချခဲ့မိသည်။

'ဘုရားရေ......'

ရင်ဘတ်ပေါ်လက်တင်ကာ စောင်ပုံထဲမှထွက် ရေချိုးခန်းထဲဝင်ကာ ရေချိုးလိုက်တော့သည်။ ခေါင်းပေါ်မှ ရေစက်များသည်က မျက်နှာမှတစ်ဆင်း တစ်ကိုယ်လုံးစီးဆင်းသွားကာအေးမြသွားသော်လည်း ရင်ထဲတွင်ပူလောင်နေဆဲ။ ဘယ်လိုအပူမျိုးပါလိမ့်။ လေးလံလိုက်သည့် ခံစားချက်ကြီးပင်။ ရေချိုးကာအပြင်ထွက်လာတော့ ဝမ်း ကုတင်ပေါ်တွင် ငုတ်တုပ်ထိုင်နေလေသည်။

အကို့ အား ရယ်ပြကာ ထမည်ပြုပေမယ့်လည်း
ဝမ်းကိုယ်ပေါ်တွင် ဘာအဝတ်မှမပါသည်ကို
သတိရသွားကာ ခေါင်းငုံ့လိုက်မိသည်။

"ဒီတိုင်းထသွား အကိုလိုက်ကြည့်နေမှာ ဝမ်းကိုယ်မှာ
အမှတ်ဘယ်နှစ်ခု၊ မှဲ့ဘယ်နှခုရှိတယ်ကအစသိတယ်....."

"ဟာ...အကိုကလဲ....."

စောင်ကြီးကိုပါဆွဲကာ ရေချိုးခန်းရှေ့ရောက်သည်နှင့် စောင်အား ပစ်ချကာ လှစ်ခနဲ တံခါးပိတ်လိုက်လေသည့်
ကောင်လေးကြောင့် ပြုံးမိတော့သည်။
ကျွန်တော်ဘယ်နှကြိမ်လောက် ပြုံးနေမိပါလိမ့်။

.....................

အခန်းထဲမှမထွက်သည့် မောင် ဖြစ်သူ သတင်းကြားကာ
တင်တင်ထွဋ်ပြုံးနေသည်။ အနိမ့်အမြင့် လှုပ်၍ရသည့် ကုလားထိုင်ကြီးပေါ်တွင် အနီရောင်ရဲရဲပါတိတ်ဝမ်းဆက်ကြီးအား ဝတ်ဆင်လျက် ပြုံးနေရင်းမှ ရယ်နေမိသည်က
တဟင်း....ဟင်း........ဖြင့် ကြားရသူအပေါင်းကြောက်လန့်ဖွယ်ရာဖြစ်ပေလိမ့်မည်။

အကို (Completed)Όπου ζουν οι ιστορίες. Ανακάλυψε τώρα