Part - 44.2 (Uni & Zawgyi)

14.6K 1.2K 35
                                    

"မိုးတိမ်...... တင်တင်ထွဋ် ကို သတိထားစေချင်တယ်....
အစစအရာရာ ဂရုစိုက်ပါ......သူက ဂျင်ပေါ်က ထုံး.....
အရမ်းလည်တယ်..........."

မနေ့ကထိုင်ကာစကားပြောပြီးနောက် အတွေးကိုယ်စီဖြင့်
ညစာစားသည့်နေရာရောက်ခဲ့ပြီး စားသောက်ပြီးချိန် ကိုယ့်အခန်းကိုယ်ဝင်ကာ အိပ်စက်ခဲ့ကြသော်လည်း ကျွန်တော့်တွင် ပဟေဠိများစွာ အ​ဖြေရယ်ကထွက်မလာသေးချေ။

ယခုလည်း မနေ့ကရုံးချိန်းထုတ်ချိန် ပြသနာပေါင်းများစွာတက်ထားရာ တင်တင်ထွဋ် ထိခိုက်မိသည်ကြောင့် ဆေးရုံရောက်နေခြင်းတွင် သတိမရသေးသည်ဟု သတင်းရထားသည်မို့ အလုပ်သွားတော့မည့် ကျွန်တော့်အား ကိုကြီးထွဋ်​ခေါင် စိတ်ပူကာမှာနေခြင်းကို ခေါင်းငြိမ့်ကာ ပြုံးပြလိုက်ပြီး အလုပ်ရုံးရှိရာထွက်လာခဲ့လိုက်သည်။

"ဆရာ.... သတင်းကတော့ မကောင်းဘူးပဲ...."

ရုံးထဲအဝင်အဝမှာတင် တပည့်ဖြစ်သူ၏ ခရီးဦးကြိုပြုမှုသည်က ရင်ဝကိုဖနောင့်နဲ့ကန်ချခံလိုက်ရသလိုပင်။
ဘာတွေများ ဖြစ်ပြန်ပြီလဲတွေးကာ သက်ပြင်းချရင်း
မျက်ဝန်းများဖြင့်သာ ပြောဟုမေးရတော့သည်။

"ဒေါ်တင်တင်ထွဋ် ယဥ်ယဥ်လေးရူးသွားပြီတဲ့....."

"ဘာ......."

အော်သံကြောင့်ထင် ဋ္ဌာနတစ်ခုလုံးရှိလူများ၏ မျက်ဝန်းများသည်က ကျွန်တော့်ထံစုပြုံကျလာလေတော့သည်။
မဖြစ်သင့်သည်မို့ ကိုယ်တိုင်ကိုယ်ကျသွားရောက်ကာ
စစ်ဆေးမည်ဟု စိတ်ထဲ​ကြုံးဝါးလိုက်သည်။

မနေ့ကလေးတင် အကောင်းကြီးရှိသေးသည်။
နဖူးကို ခဲမှန်တာလောက်က ဘယ့်နှယ်ကြောင့် ရူးသွားရသည်လဲ။ ထိုအမျိုးသမီးရှိရာဆေးရုံဆီသို့ ဦးတည်လျက်
ရုံးခန်းထဲမှ တပည့်များအား မှာစရာရှိတာများမှာပြီး
ဆေးရုံသို့ထွက်လာခဲ့လိုက်သည်။

"ကဲ....ဒီဆွဲသီးကို လိုက်ကြည့်မယ်နော်....."

ဆရာဝန်ဆိုသော ဂျူတီကုတ်ဝတ်ထားသည့်လူနှင့် ရဲဋ္ဌာနမှရဲများလည်းရှိကာ အရူးကိုစိတ်ညှိို့ပညာဖြင့် စမ်းသပ်နေကြသည်။

အကို (Completed)Where stories live. Discover now