Part - 11 (Uni & Zawgyi)

21.3K 2K 93
                                    

ဝမ်းအိမ်ပြန်ရောက်တော့ အကို ဝယ်ပေးလိုက်သည့် ပေါင်မုန့်အသားညှပ်၊အရွက်တွေပါပါပြီး အရမ်းအရသာရှိတဲ့
ဘမ်ဂါ ဆိုတာရယ်၊ ပါစီရယ် ၊ကြက်ကြော်အစပ်လေးရယ်
အမတွေပြင်ပေးသည့် စားပွဲတွင်ထိုင်စားလိုက်သည်။
မမကြီးအိမ်ပြန်လာသည့်အချိန်က ၅နာရီခွဲနေလေပြီ။
အကို ရောလို့ မေးချင်သော်လည်း မမကြီးအား ကြောက်လဲကြောက်သည်။ချစ်လဲချစ်သည်ကြောင့် မမေးမိပေ။
မမကြီး အိမ်ပေါ်တက်သွားသည်အထိ လိုက်ကြည့်နေမိသည်။ လှေကားတစ်ဝက်လောက်ရောက်ချိန်တွင် မမကြီးက  ဝမ်းထိုင်နေသည့် ထမင်းစားစားပွဲဘက်လှည့်လာကာ ကြည့်ပြီးရယ်ပြလေသည်။

"တိမ်ယံက စိန်ဆိုင်မှာ ဧည့်သည်တွေနဲ့စကားပြောနေတယ် ဝမ်းလေးရေ....ဝမ်းလေး လက်စွပ်လို စိန်ဝါကိုးပွင့်
နဲ့ လက်စွပ်လာမှာတဲ့ သူဋ္ဌေးမင်းနဲ့စကားပြောနေတယ်...
မမကြီး နားဦးမယ်နော်....."

"ဟုတ် မမကြီး...."

ကေသရာ အခန်းပြင်ထွက်ကာ တံခါးပိတ်နေသည်ကို
တင်တင်ထွဋ် တစ်ယောက်မြင်လိုက်လေသည်။ ထို့ကြောင့်လဲ ဝမ်း ၏ လက်စွပ်မည်မျှ အဖိုးတန်သည်ကို သိအောင်
တမင်ပြောလိုက်ခြင်းပေ။ လူတိုင်းစိန်ဆိုသည်က အဖြူဟူ၍သိကြသည်မဟုတ်လား။

စိန်ဝါဆိုသည်က လွန်စွာရှားသည့်အမျိုးပင်။ စိန်ဝါ တစ်ရတီသည်လည်း သုညပေါင်းမြောက်များစွာရှိမှ ဝယ်ယူနိုင်လေသည်။

တိမ်ယံ ချစ်ပါသေးသည်ဟု သူမကိုသူမမာန်တက်နေသည့် ထိုဂျလေပီမသည်က တောကလာသည့်ကောင်လေးလောက် အရေးစိုက်မခံရပါလားဟု ပညာသားပါပါ ရန်စလိုက်ခြင်းပေ။ ပွဲကြည့်ပရိတ်သတ်အနေနဲ့သာ အခန်းတွင်း
အောင်းကာ ထိုဂြိုလ်သူမအား ဘယ်လိုမောင်းထုတ်ရမည်ကို စဉ်းစားရပေမည်။ ယခုတောင် အဖေရော၊ သားရော
မလွတ်မလွတ်ဖြစ်နေသည်ပဲမဟုတ်လား။

'မတော်တဆများ တစ်ယောက်ယောက်နဲ့ ကိုယ်ဝန်ရခဲ့ပါက တိမ်ယံအပြင် သတ်ရမည့် လူစာရင်းတိုးလာဦးမယ်...'

"ဟား......ဟား......ဟား........."

......

ကေသရာ လှေကားအဆင်းတွင် မမကြီးနှင့်ဆုံသည် မကောင်းတတ်၍ ရယ်ပြလိုက်ရသော်လည်း သူမ၏အပြုံးသည်ကလည်း အေးစက်စက်နိုင်လှသည်။
အခန်းတံခါးပိတ်သံကြားရပြီး ရယ်သံကြီးထွက်လာသည်က ကျက်သီးထဖွယ်ရာပင်။ မမကြီး ထိုသို့ရယ်လိုက်လျှင် လိပ်ပြာလွင့်မတတ်လန့်ရသည်က အကြိမ်ကြိမ်ပင်။

အကို (Completed)Where stories live. Discover now