Part - 28 (Uni & Zawgyi)

18.4K 1.6K 92
                                    

"ဝမ်း....အိပ်သွားပြီလား...."

အမဖြစ်သူသည် မိမိထိုင်နေသည့်အနားသို့ လျှောက်လာသည်ကိုတွေ့သည်ကြောင့် မေးလိုက်မိသည်။ ရင်မောနေသည်က ဟိုလွန်ခဲ့သည့် နှစ်ရက်က တွေ့ခဲ့ရသည့် လူတစ်ယောက်ကြောင့်ပင်။ ၃၆နှစ်ရှိနေသည့် သူ၏အသက်အရွယ်တွင် တူလေးလက်ထဲရောက်လာစဉ်တည်းက မအေးချမ်းနိုင်တော့သည်မှာ ယနေ့ထိပင်။

"ငါတို့အသက်တွေလဲကြီးကုန်ပီနော် အမ...
နင်တော်တော်အိုနေပြီ ၅၃နှစ်အရွယ်ဆိုပေမယ့် ငါတို့အမေနင့်အရွယ်တုန်းက လှနေတုန်းပဲနော်.....
ဘဝလောကဓံတွေပဲနေမှာပါ...
ငါ့အမက ငါ့မျက်လုံးထဲ လှပါသေးတယ်....."

မျက်စောင်းလေးထိုးကာ ပြုံးနေသည့် အမဖြစ်သူအား
တစ်ချက်ကြည့်ရင်း စကားဆက်ရပြန်သည်။

"ငါတို့ဘယ်တော့မှအေးချမ်းမလဲဟာ.....အခုငါတို့မြေးလေးတွေတဲ့ နှစ်ယောက်တောင်တဲ့ဟာ...
သူတို့လေးတွေရဲ့အဖိုးရဲ့ လူတွေလိုက်နေပြန်ပြီထင်တယ်....
သံသရာတစ်ပတ်လည်လာပြန်ပီလား....
ဘယ်ပြေးရဦးမလဲအမရယ်.... "

မောင်နှမနှစ်ဦး ကောင်းကင်ကြီးအား မော့ကြည့်ကာ တီးတိုးစကားဆိုနေကြသည်ကို မှန်ဘီလူးတစ်လက်ဖြင့် ချောင်းနေသည့် စိုးထွဋ် မှာ အိမ်ထဲတွင် ဝမ်း ရှိ၊ မရှိ
ချောင်းနေတော့သည်။

လွန်ခဲ့သောရက်က သူ့အား မောင််းထုတ်ပြီး ဘာစကားမှပြောမရသည်ကြောင့် လှည့်ပြန်လာခဲ့ရသည်ကို ကြိတ်မနိုင်ခဲမရဖြစ်နေတော့သည်။ ပြီးနောက် ငှါးထားသည့် စက်လှေဖြင့် တိမ်ယံ့၏သူငယ်ချင်းသူကြီးသားဆိုသည့် ငစိုင်း အားခေါ်ကာ တခြားသူ၏အိမ်ထောင့်တနေရာမှ
ချောင်းနေသည်။

"အစိုင်း....ဝမ်းမရှိဘူး....သွားရအောင် ဟိုအဘွားကြီးနဲ့
ဟိုအကိုကြီးအနားကို.........."

ချိုင်နှင့်နမ်တို့မောင်နှမ စကားပြောနေသည်။ အိမ်၏ အဆင်းအတက် ရေပေါ်မဆင်းခင် တစ်ထစ်ရှိသည့်လှေကားလေးတွင်ထိုင်ကာ အပူများကင်းစင်လိုကင်းစင်ညား
ကောင်းကင်အားမော့ကြည့်ကာ စကားပြောနေကြစဉ် သူကြီးသားနှင့်တးအတူ စက်လှေဖြင့် မနေ့ကကောင်လေးရောက်လာပြန်သည်။ အခြားသူတော့ မဟုတ်ပေ။
အိတ်လုခံရစဉ်က ကူညီပေးခဲ့သည့် ကလေးမို့ဖော်ရွေစွာဆက်ဆံမိသော်လည်း ဝမ်းကတော့ ထိုသို့မဟုတ်ချေ။

အကို (Completed)Where stories live. Discover now