Part - 29 (Uni & Zawgyi)

17.8K 1.6K 95
                                    

အဖွားဆိုင်သို့သွားချင်သည်ကြောင့် ဦးလေးအား ပူဆာကာ လိုက်ပို့ခိုင်းမိသည်။ အဘွားဆိုင်နားတွင်ရောင်းသည့်
"ရွှေရင်အေး"ချိုချိုလေးသောက်ချင်သည်ကြောင့်ပင်။
မနက်ကချက်သည့်ကောက်ညှင်းဆန်ကိုလဲ ဘူးသေးသေးဖြင့်ထည့်ပြီး ယူခဲ့သည်။ ရေချိုးအကျီ၊ ဘောင်းဘီဝတ်ပြီးကာမှ ဗိုက်နာနေသည့် ဦးလေး ရေအိမ်ပြေးနေသည်ကို
စောင့်နေရသည်။

"ဦးလေးရေ...တွင်းထဲကျသွားပြီလား..."

"ငါဗိုက်နာနေတာ.... ဝမ်းကိုက်နေတာထင်တယ်...
အမေ့ဆီကဆေးယူသောက်ဦးမှပဲ..."

"အိမ်မှာရှိတယ်လေ..."

"ဝမ်းနုတ်ဆေးတွေကွ...ငါဆေးတွေထောင်းပေးရဦးမယ်...ရွာထဲလဲ ဝိုင်းရှိတယ်ကြားတယ် ဟေဟေး.....မဆော့ရတာကြာပြီ သွားကြည့်ဦးမယ်....."

"ဖဲမရိုက်တော့ဘူးဆို ဦးလေးပြောတော့..."

"ကြက်ဝိုင်းပါကွာ...ကြက်တိုက်တာသွားကြည့်ရုံပဲ...
ငါမလောင်းတော့ပါဘူး ကတိပေးတယ်...ဆူပုတ်မနေနဲ့လေ...ငါ့ချစ်စရာတူလေးကလဲ...."

ဝမ်းအားကတိပေးလိုက်ပြီး လှေကလေးဖြင့်အမရှိရာဆိုင်သို့သွားကာ ဆေးတောင်းလိုက်သည်။
တိမ်ယံ့အကိုဆိုသည့်ကောင်လေးရောက်နေပြီး စကားပြောနေကြသည်ကြောင့် ဆိုင်တွင် ဝမ်း ကိုထားခဲ့ပြီး ဆေးသောက်ကာ အိမ်သို့ပစ္စည်းများပို့ခဲ့လိုက်သည်။

တစ်ဖက်ရွာမှ ကြက်ဝိုင်းသို့သွားကာကြည့်ရပေမည်။ မသွားရသည်က ကြာလေပြီကြောင့်ရော ၊ အပြင်မထွက်ပဲ အိမ်နဲ့ဆိုင်ကူးနေပြီး ဝမ်းရောက်နေသည်ကို စောင့်ရှောက်နေရသည်ကြောင့်ပါ ဒီနေ့တော့သွားကြည့်ဦးပြီး ကဲဦးမည်။
တိမ်ယံ့အကိုလဲရှိသလို အမလဲရှိနေသည်ကြောင့် ဝမ်းကိုစိတ်ချစွာထားခဲ့မိသည်။  ကြက်လောင်းမိမည်ဆိုးသည်ကြောင့် စိတ်မချသည်က ကိုယ့်ကိုကိုယ်ပင်။
ပိုက်ဆံ၁၀၀၀သာအိတ်ထဲထည့်ပြီး ကျန်ပိုက်ဆံများကို အိမ်ထဲအကုန်ထည့်ကာ သိမ်းခဲ့လိုက်သည်။
အရင်လိုမဟုတ်တော့ မြေးကနှစ်ယောက်တောင်မို့ အကုန်အကျများမည်ဖြစ်ရာ အလုပ်ကလဲမလုပ်ဖြစ်သေးသည်ကြောင့် ချွေတာရလေမည်။

အကို (Completed)Where stories live. Discover now