Part - 4 (Uni & Zawgyi)

28.8K 2.6K 39
                                    

အကိုနဲ့စတွေ့ခဲ့စဥ်အခါကပေါ့......

"တောင်တွေ ကာရံထားတယ်....အလယ်မှာ

အင်းလေးရေပြင်ပြာ...လှေငယ်လေးတစ်စင်း
တရွေ့ရွေ့လွန့်လူးလာ......

ထိုစဉ်မိုးကောင်းကင်မှာ မှောင်ရီမဲနက်ရိပ်ချယ်ကာ
လှေရှင်လေးတစ်ယောက်တည်း အလွမ်းတေး ညည်းလို့သာ ကမ်းစပ်ကို သူလှော်ခပ်လာ....."

သီချင်းလေးညည်းကာ ညည်းကာဖြင့် အင်းထဲဈေးမှ
အိမ်သို့ လှေလှော်ရင်း ပျော်ရွှင်နေလေသည်။
ဝမ်း ပျော်နေခြင်းသည်က အခြားကြောင့်မဟုတ်။
အဘွားနမ်၏ ဆေးမြစ်များနှင့် ဆေးထုပ်များအကုန်ရောင်းလိုက်ရကာ ပိုက်ဆံများများရလာသည်ကြောင့်ပင်။
အဖွားရဲ့ယုံကြည်မှုလည်းရကာ အိမ်ပြင်ပေးထွက်သည်က
တစ်ပတ်လား၊ တစ်လလားပဲရှိသေးသည်။
အဖွားကိုဆေးတွေကုန်အောင်ရောင်းပေးမည်ဆိုသည့် ကတိပေးထားသည်မို့ ပိုက်ဆံရတော့အဘွားကလဲ ဝမ်းကိုယုံနေလေပြီ။

ဝမ်း တွင် ရှမ်းရိုးရာ အင်းသားတို့ဝတ်စုံပင်မရှိချေ။
အဘွားနမ် အား ပူဆာထားသည်မှာကြာနေပြီ။ ပိုက်ဆံ
ရှိသော်လည်း အဘွားစုထားသည့် ပိုက်ဆံရယ်က မပြည့်သေးသည်ကြောင့် ဝမ်း စောင့်နေရခြင်းပင်။

ဒီနေ့ဈေးရောင်းကောင်းသည်။ ဝမ်း ဖမ်းထားသည့် ငါးရံ့များအား နေလှမ်းထားသည်မှာ ၅ပြား ရခဲ့သည်။
ဈေးသို့ယူကာ ချရောင်းသည်ကိုပင် ၃ပြား ရောင်းရသည်ကြောင့် အပိုငွေရလာသည်။ အဘွားနမ် ၏ စုထားသည်နှင့်
ပေါင်းလျှင် ဖောင်တော်ဦးဘုရားပွဲတွင်
ရိုးရာဝတ်စုံလေးဖြင့် ဘုရားပွဲသွားနိုင်လေမည်။
ပွဲသွားဖို့ကလဲ ဦးလေးကိုပူဆာရဦးမည်။
အတွေးတို့ဖြင့်ပျော်ကာ သီချင်းလေးငြီးရင်း
အင်းထဲမှာ အိမ်သို့ လှေလှော်ခပ်ခဲ့သည်။

"လှေငယ်လေး အထက်မှာ တနေ့နေ့တော့ဘဝရဲ့အဖော်
အားပေးမယ့် သူ ပေါ်လာ....လာ......."

"ပေါ်ကုန်ပြီ.....အဲ့မှာပေါ်ကုန်ပြီ...."

ကုန်းကုန်းကြီးနှင့်ရေပေါ်တွင် ဘောလောပေါ်နေသည့်
လူတစ်ယောက်အား ဝမ်း တွေ့လိုက်ရသည်။
ရေလည်ခေါင်တွင် ထိုသို့ဖြစ်နေသည်က အန္တရာယ်များလေသည်။ လူကောင်းလား လူဆိုးလား မတွေးနိုင်သေးပေ။
လူ့အသက်သည်က အရေးကြီးသည်မို့ အင်းလေးသားပီပီ
ရေမကြောက်။ မွေးကတည်းက ကြီးပြင်းခဲ့သည့် အင်း ဖြစ်နေသည်မို့ ရေထဲဒိုင်ပင်ထိုးကာ ထိုလူ့အား လိုက်ဖမ်းရလေတော့သည်။ တဖြေးဖြေးမြုပ်သွားသည့် ထိုလူ့အား ရေထဲတွင်ကြည့်မိရာ 'တယ်ချောသကိုး' ဟု တွေးလိုက်မိသည်။

အကို (Completed)Where stories live. Discover now