Part -17 (Uni & Zawgyi)

20.5K 2K 282
                                    

အကိုဒီနေ့ဘာစိတ်ကူးပေါက်သည်မသိ ဝမ်း ကို သူ၏ပေါင်ပေါ်တင်ကာ ဘောပင်နှင့်မျဥ်းတားနေလေသည်။
တံခါးခေါက်သံကြားသည်နှင့် ဝင်ခဲ့ဟုပြောကာ သူ၏အလုပ်ဆက်လုပ်နေသော်လည်း ဝမ်း မှာတော့ ပေါင်ပေါ်မှထရန်ပြင်ရသည်။

အလုပ်ရုံးခန်းထဲတွင်မို့ လူအများရှိနေသည်မဟုတ်လား။  မမလေးကေသရာပြောသည့် တိမ်ယံအတွက် ရှက်ဖို့ကောင်းသည်ဆိုသည့် စကားကြားယောင်လာသည်။

မမကြီးမွေး​နေ့ပြီးနှစ်ရက်မြောက်နေ့တွင် အကို ဆိပ်ကမ်းတစ်ခုမှစက်ရုံသို့သွားရသည်။ဖျားချင်နေသည်ကြောင့် လေစိမ်းတွေတိုက်မှာ စိုးရိမ်သည်ကြောင့်ဟုပြောကာ အကိုက ဝမ်းအား မလိုက်ခိုင်းပါပဲ အိမ်တွင်သာနေခိုင်းသည်။
နေသိပ်မကောင်းသေးသည့်အကိုလည်း ကုတ်အကျီထူထူလေးဝတ်ကာ ထမင်းစားဖို့ကြိုးစားနေရသည်။

အကို သနားသိပ်ကို သနားဖို့ကောင်းသည်။
အကိုပြောသည်ကတော့ ဝမ်း စားချင်တာဝယ်ကျွေးဖို့ရန်အတွက် အကိုပိုက်ဆံရှာရမည်ဟုပင်။

နေ့လည်ဘက်တွင် အိမ်သို့ဧည့်သည်အချို့လာလည်ကာ
မမလေးနှင့်အကို့ဖေဖေတို့ဖြင့် စကားပြောနေကြသည်။
ကျွန်တော့်အား ထိုဧည့်သည်အမျိုးသမီးထဲမှတစ်ဦးက
တိမ်ယံ့ယောကျ်ားလားဟုဆိုသည်ကို အကို့ဖေဖေပြောလိုက်သည်က 'မပြောချင်တော့ပါဘူး'ဟူ၍ပင်။

'ရှက်ဖို့ကောင်းတာပေါ့ အမရယ်...ဒါကြောင့်လည်း တိမ်ယံက ဘယ်မှပွဲမထုတ်တာပေါ့'ဟူသည့်စကားတွင် ဝမ်းနားမလည်သည်က ရှက်ဖို့ကောင်းသည်ဟူသည့်စကားထက် ပွဲထုတ်သည်ဆိုသည့်စကားပင်။

ဧည့်သည်များပြန်သွားချိန်တွင် ဝမ်းထိုင်နေသည့် အနားသို့မမလေးရောက်လာကာ
'ယောကျာ်းနှစ်ယောက်ကလက်ထပ်လို့မရဘူး ဝမ်းရဲ့
အဲ့ဒါက ပတ်ဝန်းကျင်မှာ ရှက်ဖို့ကောင်းတယ်၊
တိမ်ယံကိုလူတွေအထင်သေးလိမ့်မယ်၊
ဝမ်းက အနေအထိုင်ဆင်ချင်ပေါ့၊
ဝမ်း က တိမ်ယံအတွက် ရှက်ဖို့ကောင်းတဲ့အရာ'ဟု
ပြောကာ ထွက်သွားလေသည့် မမလေးအား
ဝမ်းမေးလိုက်ချင်သည်။

ယောကျာ်းနှစ်ယောက်လက်ထပ်ခြင်းက
ရှက်ဖို့ကောင်းသည်လား......?

အကို (Completed)Where stories live. Discover now