Part - 9.1 (Uni & Zawgyi)

21.8K 2.1K 77
                                    

မနက်ခင်းစားဖို့အတွက် နွားနို့ကြိုကာ မလိုင်တက်သည်အထိကြည့်ပြီး မလိုင်ဖယ်ကာ သက်သက်အအေးခံထားသည်။ အကို့အတွက် မနက်စာပြင်ရင်း အမများသင်ပေးသည်ကြောင့် အချို့မြန်မာစာများလည်း ချက်တတ်နေပြီ။
ဒီနေ့က မုန့်စိမ်းပေါင်းနှင့် ဆီထမင်းဟုပြောသည်။

အမှုန့်တွေထည့် ထန်းလျက်ထည့် ပြီးနောက် ဘာတွေမှန်းမသိထည့်ကာ ပေါင်းအုပ်သည့် ဟာထဲထည့် မီးဖွင့်ကာ တင်သည့်အမကတင်။ ကောက်ညှင်းဆန်အား ဆနွင်းမှုန့် ဘာညာနှင့် ဟိုဟာထည့်ရတယ် ဒီဟာထည့်ရတယ်ဟု
ပြောပြသည်ကို ဝမ်း မှတ်ထားသော်လည်း အလွတ်တော့မရတော့ပေ။
ဝမ်း က မှတ်ဉာဏ်မကောင်းပါ။
ငယ်စဥ်တည်းက အဖွားနမ်သည် ဝမ်း အား စဉ်းစားခိုင်းသည့်အလုပ် မလုပ်ခိုင်းပေ။ နင်ရူးသွားမယ် မစဉ်းစားစမ်းနဲ့ဟုသာပြောသည်ကြောင့် မစဉ်းစားဖူးပေ။
စဉ်းစားလေ မေ့လေပဲဖြစ်တာရယ်၊ ဝမ်း ဘဝတွင်လည်း စဉ်းစားခန်းထုတ်ရလောက်သည်အထိ ပူပင်သောကရောက်စရာများမရှိဖူးပေ။

အဖွားနဲ့ဦးလေးက ဝမ်းကိုသိပ်ချစ်သည်မို့ လိုလေသေးမရှိစွာထားသည်။ ပြောရင်းတောင် သတိရသွားသည်။
ဘယ်တော့မှဖုန်းဆက်ကြမည်လည်းလဲ မသိပေ။

"နွားနို့ လျှံပြီ အကိုလေးရေ....."

"အိုဝမ်း တောင်းပန်ပါတယ်....နည်းနည်း တွေးနေမိလို့..."

"အယ် ဘာလို့တောင်းပန်အကိုလေးရယ်...
အကိုလေး ကတောင်းပန်စရာလူမျိုး မဟုတ်ပါဘူး....
နောက် အဲ့လိုမပြောပါနဲ့......."

အမတစ်ယောက်ကထိုသို့ပြောသည်ကို နောက်အမတစ်ယောက်ကပါ စကားဆက်လေသည်။

"အကိုလေးဝမ်း က
အရမ်းဖြူစင်တာပဲ....စိတ်ထားလေးလဲကောင်းတယ်....
အခုဆိုအိမ်မှာရောက်နေတာ ၂၁ရက်ရှိပြီ အကိုလေးပုံစံလေးကိုကြည့်ရင်ပဲ ကျမတို့ခန့်မှန်းနိုင်ပါပြီ....."

တတ်နိုင်သည်ကတော့ အပြုံးများနဲ့ရယ်ပြခြင်းကိုသာ
အမတွေအပြောကြောင့် ရှက်နေမိသလိုလို ခံစားချက်ကြီးက ဘာကြီးမှန်းကိုမသိပေ။

"ကျေးဇူးအများကြီးတင်ပါတယ် အမတို့ရယ်...
ဝမ်း က ဘာပြောရမှန်းတောင်မသိတော့ဘူး.....ဟီး..."

အကို (Completed)Where stories live. Discover now