Part - 23 (Uni & Zawgyi)

20.4K 2K 182
                                    

အကိုနှင့်စတွေ့သည်မှစကာ ဝမ်းလေး ဆေးရုံရောက်သည်အထိ ၇လအတွင်းအဖြစ်အပျက်များ
ကြည်တွင်ပြီးဆုံးပါသည်။

တိမ်ယံတစ်ယောက် လေဆိပ်မှဆင်းသည်နှင့် မမကြီးအား
လူအုပ်ကြားထဲ မလှမ်းမကမ်းတွင်မြင်လိုက်ရသည်ကြောင့်
ခပ်ပြုံးပြုံးဖြင့် လျှောက်သွားလိုက်လေသည်။
ထို့နောက်ကားလေးဖြင့် အိမ်သို့အပြေးပြန်ကာ လေယာဥ်စီးလာရသည်ကြောင့် ပင်ပန်း၍ခေတ္တအိပ်လိုက်သည်။
ယခုပဲ ညနေ၅နာရီထိုးနေပြီမဟုတ်လား။

မနက်ကျ ဝမ်းရှိရာ အင်းလေးသို့လိုက်သွားမည်ဆိုပြီး
တွေးကာ အကျီများလည်း ထည့်ထားလိုက်သေးသည်။
အပြန်လမ်းတွင် မန္တလေးဝင်ကာ ဝမ်းနှင့်အတူ ကျုံးသို့လျှောက်မည်။ ဝမ်း မရောက်ဖူးသည့် နန်းတော်ကြီးထဲလိုက်ပို့ကာဓာတ်ပုံရိုက်ပေးမည်။ မန္တလေးတောင်ပေါ်တက်ကာ ရှူခင်းအလှကြည့်ကြမည်။ ပြီးလျှင် ဝမ်းကြိုက်သည့် ထမင်းဆိုင်မျိုးတွင် ထမင်းလက်ဆုံစားကာ ရန်ကုန်ပြန်လာမည်။

ပြန်ရောက်လျှင်လည်း "Htut Constrution CEo
တိမ်ယံထွဋ်အမည်နဲ့ လူသိရှင်ကြား ကောင်လေးတစ်ဦးအား လက်ထပ်ကာ အမွေအားလုံးလက်လွှဲယူခိုင်းမည်။
မမကြီးအုပ်ချုပ်နေသည့် ကျွန်တော်ပိုင်သည့် စိန်ဆိုင်ကိုလည်း ဝမ်း နာမည်ဖြင့်ပြောင်းပေးကာ ဝမ်း အား မမကြီးထံ
ပညာသင်ခိုင်းမည်။ တတ်မြောက်သွားလျှင် အုပ်ချုပ်ခိုင်းမည်။ စာသင်ပေးရန်လည်း ဆရာသမားကောင်းကောင်းခေါ်ပေးထားသည်။ ထိုဆရာနှင့်လည်း အင်း​​​လေးမှပြန်လာလျှင်တွ့ရဦးမည်။

အိပ်ယာမှနိုးလာတော့ အခန်းထဲ ဗီဒိုထဲမှ ဝမ်းရဲ့ဖုန်းကိုတွေ့သည်။ဒီကလေး ဖုန်းယူမသွားပဲ အိမ်ပြန်သွားသည်လား။ ဘယ်လိုဟာလေးပါလိမ့်နော်။
ဝမ်းရဲ့ အင်း​လေးအိမ်ရှိ အဘွားနမ်၏ဖုန်းလေးအား
ခေါ်လိုက်ရာ ဖြေသူမဲ့နေပြန်သည်။
ဘာတွေကြောင့်များ ဖုန်းမကိုင်ကြသည်လဲ။ အနားရှိရင်
ထိုလူများအား ဆွဲဆက်ပြီးသာ ကိုင်စောင့်မိမှာသေချာသည်။

ကေသရာတစ်ယောက် ပန်းခြံအနောက်ရှိ ဒန်းပေါ်ထိုင်ရင်း
သူငယ်ချင်းဖြစ်သူ အားဖုန်းဖြင့်မေးမြန်းနေလေသည်။

အကို (Completed)Where stories live. Discover now