Part - 33 (Uni & Zawgyi)

18.7K 1.6K 200
                                    

လေးနှစ်ခန့်ကြာပြီးနောက်......

ဆိုဖာအနီရောင်ကြီးများဖြင့်အလှဆင်ထားသည့် ဧည့်ခန်းကြီးထဲတွင် သစ္စာပန်းအဖြူများဖြင့် အလှဆင်ထားသော ကြွေပန်းအိုးများသည်လည်း ခန်းညားထည်ဝယ်စွာ ဝံ့ဝံ့ကြွားကြွားရှိနေလေသည်။ အခန်း၏နံရံတစ်နေရာတွင် ချိတ်ဆွဲထားသည့်အမျိုးသမီး၏ပုံသည် မြန်မာရိုးရာချိတ်ဝတ်စုံ အဖြူရောင်ကိုဆင်မြန်းကာ ဖြူစင်စွာဖြင့်အလှပဆုံးပြုံးထားလျက် စလွယ်တစ်ခုအား လွယ်ထားသေးသည်။
ထိုဓာတ်ပုံကြီး၏ အောက်တည့်တည့်ရှိ စားပွဲနောက်မှခုံတွင် ထိုင်နေသူသည် (...)မြို့နယ်၏ ပြည်သူ့အမတ်တင်တင်ထွဋ် ပင်။

"မဂ်လာပါရှင်.....ကြွပါ...."

တံခါးမှဝင်လာကြသော ဟေသာ့အနောက်မှကပ်ပါလာသည့် တိုက်ပုံဝတ်ဖြင့်လူကြီးများအား ထိုသို့ပြောပြီးသည်နှင့်
အချိုသာဆုံးပြုံးကာ သူမသည်လည်း ထိုင်ရာမှထလျက် အနီရောင်ဆိုဖာကြီးရှိရာသို့ လျှောက်လှမ်းသွားလေသည်။

အဲကွန်း၏အေးစိမ့်နေမှနှင့်အတူ သံပုရာအမွှေးနံ့သာများသည် အခန်းတွင်းသင်းပျံ့ကာ မွှေးကြိုင်လျက်ရှိသည်။
ရောက်လာသူ တိုက်ပုံနှင့်ပုဆိုးဝတ်လူကြီး၅ယောက်သည်
ဆိုဖာပေါ်တွင် ထိုင်ပြီးသည်နှင့် ဧည့်ဝတ်ပျူငှာမှုကိုပြသခြင်းမည်သည့် ကော်ဖီနှင့် မုန့်များမှာ စားပွဲပေါ်တွင် အစီစဥ်ကျစွာ ခင်းကျင်းပေးလိုက်သည်။

"ဟာ မုန့်တွေရောကော်ဖီရော မလိုပါဘူး...ဒေါ်တင်တင်ထွဋ်ရယ်...အားနာစရာတွေ ကောင်းနေပါပြီ........."

"မဟုတ်တာရှင်....အားနာရမယ့် သူတွေမှ မဟုတ်တာ....
သုံးဆောင်ပါဦးရှင်......."

မုန့်စားကာ ကော်ဖီသောက်လျက် စကားများပြောနေကြပြီးနောက်တွင် အားလုံး၏အကြည့်သည် တီဗွီဖန်သားပြင်ပေါ်သို့ ရောက်ရှိသွားတော့သည်။

"ပြည်သူ့ကိုယ်စားလှယ်(...)မြို့နယ်အမတ်ဖြစ်သူ
တိုင်းဒေသကြီး အမတ်လောင်းဒေါ်တင်တင်ထွဋ်သည် ၁၅.၂.၂၀၁၉ တွင်......မြို့နယ်မှ ပြည်သူများအား ငွေသားသိန်း၅၀တိတိအကုန်ကျခံလျက် ဆန်၊ ဆီ၊ ကြက်သွန်နှင့်လိုအပ်သည်များကို သွားရောက်လှူဒါန်းခဲ့လေသည်။အဆိုပါ
ငွေသားများသည် သူမ၏ ကိုယ်ပိုင်ငွေသားများဖြစ်သည်ဟုသိရှိခဲ့ရသည်............ "

အကို (Completed)Where stories live. Discover now