Part - 40 (Uni & Zawgyi)

17.7K 1.3K 34
                                    

​အလုပ်ကိစ္စများ အန်ကယ်လ်လုံနှင့်အတူ စာကြည့်ခန်းထဲတွင် စစ်ဆေးပြီးနောက် လက်မှတ်ထိုးစရာထိုးရ၊ လက်အောက်တွင် လူပေါင်းသောင်းကျော်ရှိသည့် ကုမ္ပဏီကြီးဖြစ်နေသည့်အပြင် နိုင်ငံအသီးသီးမှာလည်း အခွဲများရှိနေသေးသည်ကြောင့်ရော ပေးပို့သမျှ Emailနှင့် အကြောင်းအရာများအား ကိုင်တွင်ဖြေရှင်းနေရသည်မှာ တနေ့တနေ့စိတ်ရှုတ်ရသည်။ စက်ရုပ်တရုပ်၊ သံပတ်ပေးခံထားရသူလို ချမ်းသာစွာနေထိုင်ရသည့် ဒီဘဝတွင် ဝမ်း မပျော်ပါ။

ဖြစ်နိုင်ပါကအင်းလေးတွင် တနေ့တာဈေးလေးရောင်း လှေကလေးလှော်ခတ် သီချင်းလေးငြီးပြီး အိမ်သို့ပြန်လာ။
တနေရသည့်ငွေလေးနဲ့ ဈေးဝယ်လာတာလေးကို ချက်စားပြီး ပျော်စရာအတိအပြည့်ရှိကာ နေနေရသည့် ဘဝကိုပဲလိုချင်သည်။

ဤသို့အလုပ်များကို စက်ရုပ်တစ်ရုပ်လို ဇယ်ဆက်သလိုလုပ်နေရသည်ကိုမကြိုက်ပါ။ သို့သော်လည်း တစ်ဖက်မှပြန်ကြည့်လျှင် လူ့ဘဝကြီးထဲ လူအထင်သေးပြီး မစော်ကားရဲရန် ငွေသည်ကလဲလိုအပ်သည်။ ပိုက်ဆံရှိလျှင် အရာရာလုပ်နိုင်သကဲ့သို့။ငွေသည်ကလဲ ဒုတိယဘုရားသခင်ဖြစ်လာသည်။ ထောက်ထားစရာ သားသမီးလေးများလည်းရှိနေသည်ကြောင့်ရော အင်းလေးမှဘဝသည်က လွမ်းနေရုံမှအပ ပြန်သွား၍မှမရလေပဲဟုတွေးကာ စိတ်ဖြေလိုက်သည်။

"အားလုံးကို ခွန်ဖောဆီပို့လိုက်ပြီ အန်ကယ်လ်လုံ.....
ဒါနဲ့ ခွန်မဲ့ ထိုင်းသွားတယ်ဆို....
ဦးလေးလဲ ထိုင်းသွားတာမတွေ့ကြဘူးလား...
သူတို့မောင်နှမ အယုဒ္ဓယမှာပဲရှိကြတာမဟုတ်လား.....
ခွန်မဲ့က အယုဒ္ဓယမှာတဲ့လေ... ညနေကဦးလေးနဲ့ဖုန်းပြောတော့လဲ ဦးလေးပြောတာ သူလည်း အယုဒ္ဓယမှာတဲ့....."

ဖောဆီသို့ ပို့စရာရှိသည့် အလုပ်ကိစ္စများအား မေးလ်မှတစ်ဆင့်ပို့နေသည်မို့ ကွန်ပြူတာထက်စာရိုက်ရင်းမှ အန်ကယ်လုံအား မေးစမ်းကြည့်ရသည်။

"အန်ကယ်လ်လုံ့ကိုတော့ ဝမ်းရဲ့ဦးလေးက စကားအကောင်းမပြောလို့ ဖုန်းချပစ်လိုက်တယ်...သူဘယ်ရောက်ရောက် ဂရုမစိုက်မိလို့ မသိလိုက်ဘူး ဝမ်း...."

ခပ်တည်တည်ဖြင့်ပြောနေသည့် အန်ကယ်လ်လုံ့ကြောင့်
ဦးလေးနှင့်ရန်ဖြစ်ကြပြန်ပြီထင်သည်။ ဝမ်း လဲ ဘာမှ ပြန်မပြောဖြစ်ပေ ရယ်သာရယ်နေလိုက်ပါသည်။
သူတို့နှစ်ယောက်က ကြောင်နှင့်ကြွက်တွေမို့ မတည့်အတူနေ၊ မမြင်ချောင်းကြည့်ဆိုသလိုပင်။

အကို (Completed)Where stories live. Discover now