Part - 18 (Uni & Zawgyi)

18.9K 1.9K 78
                                    

အကိုရေးခိုင်းထားသည့် ဝလုံးရယ်၊ ထ စင်ထူးရယ်၊
တ ဝင်းပူ ရယ်၊ ငါးမျက်နှာဆီပြီးသွားလေပြီ။
ပျော်လိုက်တာဟုတွေးရင်း ရေးထားသည်လေးများအား
ပြန်ကြည့်မိသည်။ လှတော့လှသား ဟုတွေးကာ ဂုဏ်ယူ၍
မဆုံးတော့ပေ။

"အကိုရေ...ဝမ်း ရေးပြီးပြီ..."

"စာအုပ်ယူခဲ့ အိမ်ပြန်ရအောင်...၅နာရီထိုးပြီ...
City Martဝင်ရဦးမယ်...
ဝမ်ဝမ်း အသီးစားချင်တယ်ဆို...... "

"ဝမ်း စားချင်တဲ့အသီးက မရောင်းဘူးလေ အကို....
အပင်ပေါ်ကခူးရတာ....."

"ဘယ်အသီးကမြေကြီးကထွက်လာလို့လဲ ဝမ်းရာ......"

ခေါင်းတခါခါဖြင့်သာ အနှီကောင်လေးအား ကြည့်ရင်း
သက်ပြင်းချမိသည်။နောက်နေ့များမှာလည်း လူနေမှုဘဝအဆင့်အတန်းကအစ သင်ပေးရဦးမည်။

'နေပါဦး...ဒီလိုတွေးမိတော့ ငါသူ့ကိုငါ့အနားတစ်သက်လုံးထားမှာမှမဟုတ်ပဲလေ....ဘာတွေတွေးနေပြန်ပါလိမ့် တိမ်ယံ.........ဟူး........'

လေပူများမှုတ်ထုတ်ပြီး ထိုကောင်လေးအား ကြည့်လိုက်သည်။ ဘာတွေစဉ်းသားနေသည်မသိ။
နှုတ်ခမ်းကြီးစူလျက်ပင်။

"ဝမ်း....က ကြီးကနေ အအထိရွတ်ပြ...."

အသံမှန်မှန်ဖြင့် အက္ခရာများအား ရွတ်ပြနေသည့် ကောင်လေးအားကြည့်ကာ ပြုံးနေမိသည်။
လိမ်မာသည်။တော်သည်။ တစ်လကျော်အတွင်း ဗဟုသုတရစရာများသင်ပေးသည်ကိုလဲ နားထောင်ကာ
စကားအပြောအဆိုကအစ ပို၍ ယဉ်ကျေးလာသည်။

စာတော့မဖတ်တတ်သေး။သို့သော်လည်း အရေးလေ့ကျင့်ပေးကာ ဖြေးဖြေးချင်းသင်ပေးရာတွင် ၁လကျော်အတွင်း
၃တန်းစာအထိကို အားသည့်အချိန်တွင် ဖတ်ပြကာ
ရည်ရွယ်ချက်၊ လေ့လာချက် ၊ နားလည်ချက်၊ သူ၏ခံယူချက်များအား မေးမြန်ရာ အတော်အသင့်တတ်မြောက်နေသည်။ စာတော့မရေးတတ်သေသလို ဖတ်လာ်းမဖတ်တတ်သေးပါ။ သို့သော်လည်း ထိုကောင်လေးက မေ့လွယ်သည်။

"က ကာ ကား....ကနေ
အ အာ အား....အထိ ရွတ်ပြဦး....."

တစ်ခုချင်းဆီရွတ်ပြပြီးသည့်နောက် ကိုဗညား အခန်းထဲသို့ဝင်လာကာ ကားအဆင်သင့်ဖြစ်ကြောင်း သိရ၍
အကို သည် ဝမ်း၏ လက်အားဆွဲကာ ကုမ္ပဏီမှထွက်လာပြီး ဈေးဝယ်သည့် စင်တာကြီးသို့သွားကြသည်။

အကို (Completed)Where stories live. Discover now