အခန်း (၉) ချမှတ်ပေးထားသော တာဝန်များ

3K 424 4
                                    

Burmese Translation of {我的徒弟都是大反派} by author 谋生任转蓬

Translator - ME 

အခန်း (၉) ချမှတ်ပေးထားသော တာဝန်များ

_____________

၎င်းတို့ကို လှန်လှောကြည့်နေပြီးသည့်နောက်မှာတော့ လုကျိုး သတိလစ် မေ့လဲပစ်လိုက်ချင်မိလာသည်။ 

သူ့ခမျာ တန်ဖိုးအနည်းဆုံး လက်သင်အဆင့် ဝိညာဉ်သဏ္ဍာန်ကိုပင် မတတ်နိုင်။ အကုန်လုံးက ဈေးကြီးနေသည်။ 

ဤလောက၏ ကျင့်ကြံသူများအတွက် စိတ်ဝိညာဉ်သဏ္ဍာန်ထုတ်နိုင်ခြင်းမှာ အစွမ်းတန်ခိုးအကြီးဆုံး ပညာဖြစ်သည်။ ကျင့်ကြံသူတို့ အဆင့်တက်ရာ၌ ဆင်ပြောင်ကြီး အမြီးကျမှ တစ်ရစေသော အရာလည်း ဖြစ်၏။ မကြာခဏဆိုသလို၊ ကျင့်ကြံသူများစွာတို့သည် ကျင့်ကြံဆင့်နယ်ပယ်တစ်ခုခု၌ အဆင့် မတက်နိုင်ဘဲ ပိတ်မိနေတတ်လေသည်။ တစ်သက်စာ ပိတ်မိနေခြင်းလည်း ဖြစ်သွားတတ်၏။ အကြောင်းကား ၎င်းတို့၏ စိတ်ဝိညာဉ်သဏ္ဍာန်က တိုးတက်မှု မရှိနိုင်သောကြောင့်ပင်။ 

"ကျသင့်တန်ဖိုး မပြဘူးဆိုတာ ဘာသဘောလဲ" လုကျိုး စူးစမ်းလိုစိတ်ဖြင့် ရေရွတ်လိုက်မိသည်။ 

အနန္တအလွန်ဟူသည်ကတော့ ဒဏ္ဍာရီများတွင်သာ ရှိသော စိတ်ဝိညာဉ်သဏ္ဍာန်ဖြစ်လေသည်။ ယနေ့ခေတ် ကျင့်ကြံခြင်းလောကတွင်မူ၊ ကျိထျန်းတောက်ကဲ့သို့သော သက်တမ်းရှည် မိစ္ဆာလူဆိုးသည်ပင်လျှင် 'ပွင့်ချပ်ရှစ်လွှာ ဒုက္ခ မိုင်တစ်ရာ ရှုကွင်း ဝိညာဉ်သဏ္ဍာန်'အဆင့်ထိသာ ရောက်နိုင်သေးသည်။ 

မှန်သည်။ ပွင့်ချပ်ကိုးလွှာ ဒုက္ခမိုင်တစ်ရာ ရှုကွင်း အဆင့်သို့ တက်တော့မယောင် အလားအလာများ ပြနေခဲ့သော်လည်း 'လောက နယ်ပယ်တစ်ထောင် ဝဲဂယက်' ဝိညာဉ်သဏ္ဍာန်အဆင့်ရောက်ခြင်းနှင့်တော့ အကွာကြီး ကွာနေသေး၏။ 

"အင်း၊ ငါ အဝေးကြီး ကြိုမျှော် မတွေးတာပဲ ကောင်းလိမ့်မယ်... ငါ စိတ်ထားခံယူချက်မှန်ဖို့လိုတယ်" 

သူ့ကျင့်ကြံဆင့်မှာ ခန္ဓာတည်ဖွဲ့ခြင်း အဆင့်ကိုးထိ ကျသွားသည်ဖြစ်၍ သူ၏ စိတ်နေစိတ်ထား ခံယူချက်ကိုလည်း အားအင်နည်းပါးသူကဲ့သို့ ပြောင်းလဲသဘောထားနေသင့်လေသည်။ သူ့အဆင့်နှင့် မလှမ်းသာနိုင်သော အရာများကို မမျှော်လင့်နေသင့်။ 

ငါ့တပည့်တွေ အကုန် ဗီလိန်တွေချည်းပဲWhere stories live. Discover now