အခန်း (၄၅) တိုက်ခိုက်ခြင်းက အကောင်းဆုံးခုခံမှု

1.9K 283 0
                                    

အခန်း (၄၅) တိုက်ခိုက်ခြင်းက အကောင်းဆုံးခုခံမှု

လုကျိုးက ခေါင်းခါကာ ရှေ့ကို ဖျတ်ခနဲ ကြည့်လိုက်သည်။

“စင်းလုံးချောကတ်လား”

စင်းလုံးချောကတ်= ထိခိုက်မှုများအားလုံးကို ၁၀ စက္ကန့်တာ ပပျောက်စေသည်။ ကုသိုလ်အမှတ် ( ၅၀၀)

“ဒီကတ်က မဆိုးဘူးပဲ၊ လွှမ်းမိုးနိုင်စွမ်းရှိလုနီးပါးပဲ၊ ဒါပေမဲ့ ၁၀ စက္ကန့်က တိုတောင်းလွန်းတယ်၊ ပြီးရင် ခြိမ်းခြောက်ခံနေရဦးမှာပဲ၊ ကောင်းမွန်တဲ့တန်ပြန်တိုက်ခိုက်မှု မရှိခဲ့ရင် ကတ်ကိုသုံးတာထက် ငါထွက်ပြေးနိုင်မဲ့ ကတ်ကိုပဲ သုံးလိုက်မှာပေါ့၊ ဘယ်လိုပဲဖြစ်ဖြစ် ဒါက ကတ်ကောင်းတစ်ကတ် ဖြစ်နေတုန်းပဲ၊ ဒါပေမဲ့ အခြေအနေမှန်ပေါ် မူတည်ပြီး သုံးရမှာ”

လုကျိုးသည် ယင်းကိုဝယ်ရန် အလျင်မလိုဘဲ ကျန်သည့်ကတ်များကို ဆက်ကြည့်လိုက်၏။

အသေရိုက်ချက်ကတ် - ပစ်မှတ်ဆီသို့ သေစေနိုင်လောက်သည့် ထိုးနှက်ချက်တစ်ခုကို ပို့ပေးနိုင်သည့်            ပြောမပြနိုင်သော စွမ်းအားတစ်ခုရှိသည်။ ကုသိုလ်အမှတ် ( ၅၀၀ )

လုကျိုးက ထိုကတ်၏အညွှန်းကို ဂရုတစိုက်ကြည့်လိုက်သည်။

သူ ယခင်ဘဝက အွန်လိုင်းဂိမ်းဆော့သူအနေဖြင့် သူသည် မိစ္ဆာသားရဲတစ်ကောင်ကို သတ်ဖြတ်ခြင်းမှ ရလာသည့် အသုံးပစ္စည်းတစ်ခုသည် အသေရိုက်ချက် အရည်အချင်းမျိုး ရှိနေခဲ့လျှင် အရေးကြီးသည့် အခြေအနေ၌ အသုံးပြုနိုင်ရန် အင်မတန်နည်းပါးသည့် အခွင့်အရေးတစ်ခုရှိသည်။ သို့သော် ဤကတ်က ထိုကဲ့သို့သော ကန့်သတ်မှုမျိုး မရှိပေ။

သူက ဘယ်ညာကြည့်ပြီးနောက် ကျန်သည့် အညွှန်းများ၊ ကန့်သတ်ချက်များ မတွေ့တော့ပေ။

“ပြောမပြနိုင်တဲ့စွမ်းအား၊ ဘာကိုဆိုလိုတာလဲ” လုကျိုးက အတွေးနစ်သွား၏။

"ဘယ်လိုစွမ်းအားမျိုးပဲဖြစ်ဖြစ် ဒီကတ်က အညွှန်းကအတိုင်းမဟုတ်လောက်ဘူး၊ နောက်မှဝယ်ရမယ်”

ထိပ်တန်းအဆင့်ခုခံခြင်းကတ်= ထိခိုက်မှုကို ၃၀ စက္ကန့်သာ ၉၀ ရာခိုင်နှုန်း လျှော့ချပေးသည်။ ကုသိုလ်အမှတ် ( ၅၀၀)

ငါ့တပည့်တွေ အကုန် ဗီလိန်တွေချည်းပဲWhere stories live. Discover now