အခန်း (၁၃၆) ဝတ်ရုံနီ၏ လာရောက်တွေ့ဆုံမှု

1.4K 204 2
                                    

အခန်း (၁၃၆) ဝတ်ရုံနီ၏ လာရောက်တွေ့ဆုံမှု

သူ့လက်အောက်ငယ်သားများက ထိုအကြောင်းကြားလိုက်သည့်အခါ ဦးညွတ်လိုက်ကြပြီး တိတ်တဆိတ် နောက်ဆုတ်လိုက်ကြသည်။

စီးဝူယာ့က အံ့ဖွယ်မြို့တော်ဆီ လက်နောက်ပစ်လျက် လျှောက်သွားလိုက်၏။

အံ့ဖွယ်မြို့တော် ...

ချန်နဉ်ဗိုလ်ချုပ် စံအိမ်တော်အတွင်း ...

ဝေ့ကျိုးယန်က အေးဆေးထိုင်ရင်း နေရောင်၏ နွေးထွေးမှုကို ခံစားနေသည်။

" စစ်သူကြီး ကျွန်မတို့လူတွေ ထန်ကျီမြို့ကို ရောက်ပါပြီ " အစေခံတစ်ယောက်က လာပြောလိုက်သည်။

ဝေ့ကျိုးယန်က ခေါင်းညိတ်လိုက်ပြီး " ဒါက သမာရိုးကျပါပဲ။ ငါတို့လုပ်ဖို့လိုတာက သူတို့နဲ့ အတူတူ လိုက်သွားပေးရုံပဲ။ မိစ္ဆာဝေဟင်မျှော်နန်းကို လူနဲ့ ကျင့်ကြံသူအရေအတွက်နည်းနည်း ပို့လိုက်တာက သူတို့ကို သေခိုင်းလိုက်တာနဲ့ မထူးဘူး။ တကယ်လို့ သူမက ကျောက်ဆောင်ကို ကြက်ဥနဲ့ ပေါက်ချင်သပဆိုလည်း လုပ်ခိုင်းလိုက် "

"စစ်သူကြီး ပြောတာ မှန်ပါတယ်။ ဒါပေမဲ့ မိန်းကလေးက အခု အရှင့်သားရဲ့ အမြတ်နိုးရဆုံး ဖြစ်နေပြီလေ။ ကျွန်မတို့ ရန်စလို့ မဖြစ်ဘူး "

ဝေ့ကျိုးယန်က သရော်လိုက်ပြီး " သူမ ဘယ်လောက်ကြာကြာ မြတ်နိုးခံရမလဲ သိချင်မိသား။ သူမလက်အောက်ခံ ချန်ကျူးက အံ့ဖွယ်မြို့တော် နတ်လေးသျှင်ထဲက တစ်ယောက်မလား။ ဒါပေမဲ့ သူက မဟာစုန်းအတတ်ကြောင့် အသက်ပျောက်သွားရပြီ။ သူမက ကြိုးစားဖုံးကွယ်ထားရုံနဲ့ ငါ မသိတော့ဘူးများ ထင်နေလား "

"အရှင်ချန်ကျူးက သေသွားပြီလား "

" ဟုတ်တယ်။ သူ့လို မောက်မာတတ်တဲ့ဟာမျိုးကို သနားတယ်။ သူ့ကိုယ်သူ မြားလေးနည်းနည်း ပစ်နိုင်တာနဲ့ ဟုတ်လှပြီ ထင်နေတာ" ဝေ့ကျိုးယန်က ပြောလိုက်သည်။

" စစ်သူကြီးက ကောင်းတယ် ထင်ရင် ကောင်းတာပါပဲ "

"နန်းတော်ထဲက ဘယ်သူမှ ဒီအကြောင်းကို မသိကြသေးဘူး။ ဒီသတင်းကို အရှင့်သားဆီ‌ ရောက်အောင် သတင်းလွှင့်လိုက် "

ငါ့တပည့်တွေ အကုန် ဗီလိန်တွေချည်းပဲWhere stories live. Discover now