အခန်း (၄၂) အသက်ကြီးလေ ဉာဏ်ပိုကြီးလေ

1.9K 327 1
                                    

အခန်း (၄၂)  အသက်ကြီးလေ ဉာဏ်ပိုကြီးလေ

လုကျိုးက နောက်ဆုံး အထွတ်အထိပ် သဏ္ဍာန်ကတ်ကို ချွေတာဖို့ မရွေးချယ်ခဲ့ပေ။ သူ ကျိထျန်း‌တောက် ဖြစ်လာကတည်းက သူ့ဆုံးဖြတ်ချက် ချပြီးသွားလေပြီ။ သူက ဤလမ်းကြောင်းကို ဆက်လျှောက်ဖို့ ကံကြမ္မာပါလာပြီးသား ဖြစ်၏။

ဤရက်စက်လှသည့် ကျင့်ကြံရေးလောကကြီး၌ ဘေးကင်းလုံခြုံသည့် နေရာဟူ၍ မရှိပေ။ ရွှေနန်းဥယျာဉ်တောင်သည် သူ့ကောင်းကင်ဘုံ ဖြစ်သလို အုတ်မြစ်လည်း ဖြစ်သောကြောင့် မည်သူမှ သူ့ထံမှ ယူဆောင်သွားခွင့် မပြုနိုင်ချေ။

သူ့ဆီတွင် ရည်ရွယ်ချက် နှစ်ခု ရှိလာသည်။ သူက ဤအခွင့်အရေးကို အသုံးချကာ ရွှေနန်းဥယျာဉ်တောင်ကို မျက်စိကျနေကြသည့် လူများနှင့် လောကကြီးကို သူက ဆေးပေါ် မှီခိုနေခြင်း မဟုတ်ဘဲ ကိုယ်ပိုင်စွမ်းအားအပေါ် မှီခိုနေခြင်းသာ ဖြစ်ကြောင်း သတိပေးလိုက်ချင်သည်။ သူ့အပိုင် စွမ်းအားတစ်ခုတည်းကသာ ဆက်တိုက် ထွက်ပေါ်လာနိုင်ခြင်း ဖြစ်၏။ ပြင်ပအင်အား၊ ဆေး သို့မဟုတ် လှည့်ကွက်များက ထိုသို့လုပ်ဆောင်နိုင်မည် မဟုတ်ချေ။

သမာသမတ်ဂိုဏ်းများနှင့် ကောင်းကင်ဓားဂိုဏ်းမှ တပည့်များက ကြောင်အမ်းကုန်ကြသည်။ ပွင့်ချပ်ကိုးလွှာ ဒုက္ခမိုင်တစ်ရာရှုကွင်း သဏ္ဌာန်အောက်တွင် သူတို့ မည်သို့လှုပ်ရှားရမည်ကိုပါ မေ့လျော့သွားဟန်ပေါ်သည်။ တိုက်ခိုက်သူ၏ စွမ်းအားကို တိုးလာစေသည့်အပြင် စိတ်ဝိညာဉ် သဏ္ဌာန်က ရန်သူများကို အာရုံခံမိနိုင်စွမ်း ရှိပုံပေါ်၏။ ထို့အပြင် ကျင့်ကြံဆင့်ကြားရှိ ကွာဟချက်က ကြီးလေလေ သက်ရောက်မှုက ပိုအားပြင်းလာလေလေ ဖြစ်သည်။

ရလဒ်အနေနှင့် နတ်ဒေဝါ ဦးတည် နယ်ပယ်အဆင့်အောက်ရှိ ကျင့်ကြံသူများက မြေပြင်ပေါ်  တုန်တုန်ယင်ယင် လဲကျကုန်သည်။ အားလုံးအနက် အားအကောင်းဆုံးဖြစ်သည့် ဖန်ကျင်းရှန်ပင် နောက်ပြန်မဆုတ်ဘဲ မနေနိုင်တော့ပေ။ သူက ကြောက်ရွံ့တုန်လှုပ်နေပြီး ထွက်ပြေးချင်နေသည်။ သူ့တွင် နဂါးနှလုံးသား ဒိုင်းကာ ရှိထားသောကြောင့် ထွက်ပြေးဖို့ အကူအညီဖြစ်နိုင်သည်။ သို့သော် သူ့အနေနှင့် အရင်ဆုံး အခွင့်အရေးကို ရှာဖွေရဦးမည်။

ငါ့တပည့်တွေ အကုန် ဗီလိန်တွေချည်းပဲWhere stories live. Discover now