အခန်း (၉၁) မင်းက ငါ့တပည့် မဟုတ်ဘူး

1.7K 261 0
                                    

အခန်း (၉၁) မင်းက ငါ့တပည့် မဟုတ်ဘူး

သိပ်မကြာမီ၌ တောင်အနောက်ဖက်မှ တစ်ဖက်သတ်တိုက်ပွဲသံများကို ကြားနိုင်သည်။ ဆိုရလျှင် တွမ့်မူရှန်းက နယ်ရှင်လှံကို မပိုင်ဆိုင်ခင်ကပင် မင်ရှစ်ရင်ကို ဖိနှိပ်နိုင်စွမ်းရှိနေပြီး ဖြစ်သည်။ ယခုသူက နယ်ရှင်လှံကို ပိုင်ဆိုင်ထားပြီးဖြစ်ရာ တိုက်ပွဲရလဒ်အကြောင်း အမေးထုတ်စရာ မရှိတော့ပေ။

ထိုစဉ် လုကျိုးက ကောင်းကင်ကျမ်းစာကို ထပ်မံလေ့လာတော့မည့်အချိန်၌ ရှောင်ယွမ်အာက မဟာခန်းမထဲသို့ ပြေးဝင်လာသည်။

“ရှစ်စွင်း ကျန်းအိုက်ကျန့်က စာတစ်စောင်ပို့လာပါတယ်”

“ဖတ်လိုက်”

ရှောင်ယွမ်အာသည် သူမအိတ်ထဲမှာစာကို ထုတ်ပြီးနောက် ကျယ်လောင်စွာ ဖတ်ပြလိုက်သည်။

“နန်းတော်ရဲ့ရည်ရွယ်ချက်က မဟူရာစစ်သည်တော်တွေကို အားနည်းစေဖို့ပဲ။ နန်းတော်က လက်တုံ့ပြန်လာမှာကို ကြောက်နေစရာမလိုဘူး။ လောင်ချန်ပေ့”

လုကျိုးက သံသယဖြစ်လာသည်။ ဧကရာဇ်က အထူးတပ်ဖွဲ့ကို တိုက်ရိုက်အမိန့်ပေးခဲ့၏။ သူသည် သူတို့ကို အဘယ်ကြောင့်အားနည်းစေချင်ရသနည်း။

ရှောင်ယွမ်အာက ဆက်လက်ဖတ်ရှုသည်။

“ဆရာကြီးက ယွီလုံရွာရဲ့အဖြစ်အပျက်နောက်ကွယ်က အမှန်တရားကို စစ်ဆေးချင်တယ်။ ဒါပေမဲ့ ကျွန်တော် အဲ့ဒီအကြောင်း ဘာမှမသိဘူးလို့တော့ပြောရမှာ စိတ်မကောင်းစရာပဲ။ ဒါပေမဲ့ ဧကရာဇ်က နောက်ကွယ်က ကြံစည်တဲ့သူမဟုတ်တာ သေချာတယ်” ထိုစာကြောင်းကို ဖတ်နေချိန်၌ သူမက အံကြိတ်လိုက်၏။

“ထျန်းကျန့်မြစ်ရဲ့ယွီလုံရွာက လျှို့ဝှက်ချက်တွေ အများကြီးထိန်းထားတယ် လို့ပြောကြတယ်။ အရာရှိတွေက အရင်တည်းကရော အခုချိန်ထိ ဧရိယာကို ကင်းလှည့်တာ မြင်နိုင်သေးတာပဲ။ ဒါက ထိပ်တန်းလျှို့ဝှက်ချက်ဖြစ်ပြီး မရနိုင်ဘူး။ ဒါနဲ့ အချက်လက်နှစ်ခုကို အခမဲ့ပေးလိုက်မယ်။ ဓားရူးချန်ဝမ်ကျယ်က ယွီရှန်းရုန် သတ်တာ ခံလိုက်ရတယ်။ သူ့ရဲ့ရပ်တည်ချက်က မရေရာတာကြောင့် စောစောစီးစီးသေလိမ့်မယ်လို့ ကျွန်တော် မပြောခဲ့ဘူးလား။ ဒုတိယအချက်ကတော့ မိစ္ဆာဘုရားကျောင်းရဲ့  ကျောင်းထိုင် ရန်ပုဖင်းက တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာပြီ။ သူက သမာသမတ်ဂိုဏ်းနဲ့တွေ့ဖို့အတွက် ကျောက်စိမ်းယဇ်ပလ္လင်ကိုသွားပြီ။ ပြီးတော့ ကျွန်တော့်ကို ကတိပေးထားတဲ့ ဓားအကြောင်း မမေ့လိုက်နဲ့အုံး။ ဟား ဟား ဟား”

ငါ့တပည့်တွေ အကုန် ဗီလိန်တွေချည်းပဲWhere stories live. Discover now