အခန်း (၇၂) လိမ်လည်လှည့်ဖြားခြင်း

1.7K 297 5
                                    

အခန်း (၇၂) လိမ်လည်လှည့်ဖြားခြင်း

ကျောက်ရှော၏ အပြုအမူများက မင်ရှစ်ရင်၏ အာရုံကို ဖမ်းစားသွားသည်။ ဉာဏ်ကောင်းသူတစ်ဦးအနေနှင့် သူက လုကျိုးရှေ့ ရောက်လာလိုက်ပြီး မေးလိုက်သည်။

“ရှစ်စွင်း … သူ့ကို သတ်လိုက်ရမလား ”

ကျန်းအိုက်ကျန့်က ထိုအကြောင်း ကြားလိုက်သည့်အခါ ကြောက်ကြောက်ရွံ့ရွံ့ဖြင့် နောက်ဆုတ်လိုက်တော့သည်။ လုကျိုးက သူ့ပခုံးကို အတင်းပုတ်လိုက်သောကြောင့် မြေပြင်ပေါ်သို့ အထိတ်တလန့် မျက်နှာထားဖြင့် လဲကျသွားသည်။ သူက လက်ဝှေ့ယမ်းကာ  “ နားလည်မှုလွဲတာပါ … နားလည်မှုလွဲတာပါ။ ကျွန်တော်နဲ့ ဘာမှမဆိုင်ဘူးနော်။ အားလုံး ကျွန်တော်ကို လေလို သဘောထားပြီး လွှတ်ပေးလိုက်လို့ မရဘူးလား ”

ရှောင်ယွမ်အာက ဒေါသထွက်လာသလိုမျိုး ပြောလိုက်သည်။

“ ရှစ်စွင်းက ရှင့်ကို ဘယ်လိုလုပ်မလဲ ကြည့်ရသေးတာပေါ့။ အရှက်မရှိတဲ့လူ … ”

မင်ရှစ်ရင်က ကျန်းအိုက်ကျန့်အား နားမလည်စွာ ကြည့်လိုက်ပြီး မေးလိုက်သည်။

“ ရှစ်စွင်း … ဒီလူကိုရော သတ်လိုက်ရမလား ”

“…”

မင်ရှစ်ရင်က လူတစ်ယောက်ကို ဘယ်လောက်တောင် သတ်ချင်နေတာလဲ။

ထိုစဉ် အားလုံး၏ အာရုံက လုကျိုးအပေါ် ကျရောက်နေကြသည်။

လုကျိုး၏ အမူအရာက ပုံမှန်အတိုင်း မပြောင်းမလဲ ကျန်ရှိနေဆဲ ဖြစ်၏။ သူက မင်ရှစ်ရင်အား တစ်ချက်ကြည့်ကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။

“ မင်း ဒီလိုမျိုး ဟိတ်ဟန်ထုတ်မနေသင့်ဘူး ”

မင်ရှစ်ရင်က ဦးညွှတ်ကာ  “ ရှစ်စွင်း ပြောတာ မှန်ပါတယ် ”

လုကျိုးက မေးလိုက်သည်  “ မင်း မိန်းမငယ်လေးတွေကို ပြန်ပေးဆွဲတယ်လို့ သတင်းတွေ ထွက်နေတယ်။ အမှန်ပဲလား ”

မင်ရှစ်ရင်က ဒူးထောက်ချလိုက်သည်။ သူက လက်ချောင်းထောင်ကာ  “ ကျွန်တော် စွပ်စွဲခံရတာပါ။ မိန်းမငယ်လေးကို အဓမ္မကျူးလွန်တာက တောပုန်းဓားပြတွေပါ။ ကျွန်တော် ဖြတ်သွားတုန်း တိုက်တိုက်ဆိုင်ဆိုင်တွေ့လို့ ကယ်တင်ပေးခဲ့တာ … ကျွန်တော်က ကောင်းကင်ဘုံအတွက် တရားမျှတမှု ဆောင်ကြဉ်းပြီး သူရဲကောင်းအပြုအမူကို ပြသခဲ့ရုံလေးပါဗျာ။ ကျွန်တော်က ကောင်းတာလေးပဲ လုပ်ပြီး ဘာပြစ်မှုမှ မကျူးလွန်ထားပါဘူး ”

ငါ့တပည့်တွေ အကုန် ဗီလိန်တွေချည်းပဲWhere stories live. Discover now