အခန်း (၁၅၂) ဓားသူတော်စင် လော့ရှစ်စန်း

1.3K 211 2
                                    

အခန်း (၁၅၂)  ဓားသူတော်စင် လော့ရှစ်စန်း

နတ်ဆရာ ဆယ်ယောက်အနားမှ ခရမ်းမီးတောက်များက ပို၍ တောက်လောင်လာသည်။ သူတို့အရှိန်အဝါများကလည်း ပို၍ အားကောင်းလာသည်။ သူတို့က ချီစွမ်းအား လှည့်ပတ်ထားခြင်း မရှိသော်လည်း သူတို့အနားက ချီများက သာမန်ကျင့်ကြံသူများထက် ပိုအားကောင်းနေသည်။

“မဟာဘိုးဘေး အစီအရင်က တကယ်ကို နာမည်အတိုင်းပဲ ” ဟွားဝူတောက်က ချီးကျူးလိုက်သည်။

“မျှော်နန်းသခင် … ကျုပ်တို့ မင်ရှစ်ရင်ရဲ့ အကြံပြုချက်ကို စဉ်းစားသင့်တယ် ”

ဟွားဝူတောက်က မင်ရှစ်ရင်၏ အကြံပြုချက်ကို အယဉ်ကျေးဆုံးနည်းလမ်းဖြင့် သဘောတူလိုက်ခြင်း ဖြစ်သည်။ အရှင်းဆုံးပြောရလျှင် ထွက်ပြေးဖို့ အကြံပြုလိုက်ခြင်း ဖြစ်၏။

ခရမ်းအလင်းစက်ဝန်းများက ချီများ ထုတ်လွှင့်နေဆဲ ဖြစ်၏။

နတ်ဆရာဆယ်ယောက်လုံးက သူတို့ဘာသာ ထင်ရှားလာသည်။

ရှေ့မှအခြေအနေပေါ် မူတည်၍ လုကျိုးက တွမ့်မူရှန်းနှင့် မင်ရှစ်ရင်တို့သည် ဝူရှန်းနှင့် ဝူကွမ်းကိုသာ ကိုင်တွယ်နိုင်လောက်ကြောင်း မှန်းဆမိသည်။ သူက ရန်ပုဖင်းကို အသေရိုက်ချက် ထုတ်သုံးလိုက်ဖို့သာ လိုအပ်သည်။ တခြားလူများကို ကြောက်နေဖို့ မလိုပေ။ သွမ့်ရှင်းနှင့် လော့ရှစ်စန်းတို့ ဒီမှာရှိနေလျှင်ပင် ဟွားဝူတောက်က  လော့ရှစ်စန်းကို ကိုင်တွယ်နိုင်လိမ့်မည်။ သူ့ထင်မြင်ချက်အရ သွမ့်ရှင်းသည် ပရိယာယ်ကြွယ်ဝသူ ဖြစ်၍ တိုက်ပွဲတွင် ဝင်မပါလောက်ချေ။ သူ ဝင်ပါခဲ့လျှင်ပင် လုကျိုးအနေနှင့် နောက်ထပ် ကတ်တစ်ကတ် ထုတ်သုံးရုံသာ ဖြစ်၏။ ကတ်၏ တန်ဖိုးကို တွက်ချက်လိုက်ပြီးနောက် သူက အကျိုးမြတ်ရနေသေးကြောင်း တွေ့လိုက်ရသည်။

သို့သော်လည်း အခြေအနေက ရှင်းရှင်းလင်းလင်း ပြောင်းလဲမသွားပေ။ နတ်ဆရာဆယ်ယောက် မဟာဘိုးဘေးအစီအရင်မှ ရုပ်လုံးပေါ်လာသည်။ သူတို့က အဆင့်မြင့် ကျင့်ကြံသူဆယ်ယောက်နှင့် ညီမျှနေသည်။ လုကျိုး၏ တပည့်များက သူတို့နှင့် မည်သို့ယှဉ်နိုင်မည်နည်း။

ငါ့တပည့်တွေ အကုန် ဗီလိန်တွေချည်းပဲWhere stories live. Discover now