အခန်း (၁၉၃) သူကလေးတစ်ယောက် မဟုတ်တော့ဘူး

1.3K 188 2
                                    

အခန်း (၁၉၃) သူကလေးတစ်ယောက် မဟုတ်တော့ဘူး

လုကျိုးက ဆွံ့အသွားလေ၏။ ဒူးထောက်ခြင်းသည် ကျိုးကျစ်ဖုန်းအတွက် တုံ့ပြန်မှုတစ်ရပ် အနေဖြင့် စိတ်ထဲအမြစ်တွယ်နေသည့်အရာ ဖြစ်ရပေမည်။ သူက တစ်ချိန်လုံး အနိုင်ကျင့်ခံခဲ့ရတာဖြစ်ပေမည်။ လုကျိုးက အနည်းငယ် သဘောမတွေ့သော လေသံဖြင့်ပြောလိုက်၏။

“ယွမ်အာ ဒူးထောက်”

ရှောင်ယွမ်အာက တုန်ယင်သွားပြီး ဒူးထောက်လိုက်သည်။

ကျိုးကျစ်ဖုန်းသည် အဖြစ်အပျက်ကို သဘောပေါက်သည့်အချိန်တွင် အနေခက်မှုကြောင့် မျက်နှာနီလာတော့သည်။ သူက အမြန်ပင် ဒူးထောက်လျက်သားဖြင့် ဘေးသို့ ရွေ့လိုက်၏။ လုကျိုးက ပြစ်တင်ပြောဆိုလိုက်၏။

“မင်းအခု အသက်ဆယ့်ခြောက်နှစ်ရှိပြီ။ ဒီအရွယ်မှာ ကလေးမဟုတ်တော့ဘူး။ အကြီးတွေကို ဘယ်လိုများ မလေးမစား ဆက်ဆံနိုင်ရတာလဲ”

“ဒူးထောက်” ရှောင်ယွမ်အာက နှုတ်ခမ်းစူနေသည်။

လူတစ်ယောက်ကို သင်ကြားပြသပေးခြင်းသည် ရှေးယခင်ကတည်းက ပြဿနာကြီးတစ်ရပ် အမြဲဖြစ်ခဲ့၏။ ကျိထျန်းတောက်က ၎င်းကို လျစ်လျူရှူထားခဲ့သည်။ ထိုအကြောင်းအရင်းကြောင့် ဤလူလိမ်လူကောက်များအားလုံးကို ဆွဲသွင်းမိတာဖြစ်မည်။ သို့သော် လုကျိုးကမူ ကျိထျန်းတောက်၏ အမှားများကို သူ့ဆီ၌ ထပ်ပြုလုပ်ခွင့် မပေးနိုင်တော့ပေ။ သူက တင်းမာစွာ ပြောလိုက်၏။

“တောင်းပန်လိုက်”

“တောင်းပန်ပါတယ် ရှစ်ရှိုး”

တွမ့်မူရှန်းက သူ၏လက်ကို အသာဝှေ့ယမ်းလိုက်ပြီးနောက်ပြောလိုက်တော့၏။

“ကိစ္စမရှိဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ထိခိုက်တာမှ မဟုတ်တာ။ မင်းကို သင်ကြားပြသပေးဖို့က ရှစ်ရှိုးတစ်ယောက်ရဲ့ တာဝန်တွေထဲက တစ်ခုပဲ ရှောင်ရှစ်မေ့”

လောင်ပါ့ကျူးဟုန်ကုန်း၏ မျက်နှာထက်တွင် သဘာဝမကျသောအမူအရာကို မြင်နေရ၏။ သူက

“ရှစ်စွင်း ရှောင်ရှစ်မေ့က မကြမ်းတမ်း...”

မင်ရှစ်ရင်က သူ့ကို စိန်းစိန်းဝါးဝါးကြည့်လိုက်၏။ ကျူးဟုန်ကုန်းသည် သူ့ပါးစပ်ကို ချက်ချင်းပိတ် လိုက်တော့သည်။ ‘သူ့စကားတွေက သူ့ရှစ်စွင်းရဲ့စကားကို ဆန့်ကျင်ရာမရောက်ဘူးမလား’

ငါ့တပည့်တွေ အကုန် ဗီလိန်တွေချည်းပဲWhere stories live. Discover now