အခန်း (၁၈၂) မင်းဆန္ဒကို ဖြည့်ဆည်းပေးမယ်

1.2K 197 1
                                    

အခန်း (၁၈၂) မင်းဆန္ဒကို ဖြည့်ဆည်းပေးမယ်

အသံလှိုင်းက မိုးကုပ်စက်ဝိုင်းဆီကနေ သူတို့ဆီ ပျံ့လွင့်လာသည်။ မဟာခွန်အားခန်းမရှေ့မှ သစ်ပင်များက အသံများဖြင့် ဆူညံလာလေ၏။

ရွှီကျင်းနှင့် သူ့တပည့်များက ခန်းမထဲမှ ထွက်ကာ ကောင်းကင်ကို မော့ကြည့်လိုက်ကြပြီး   “ အံ့ဖွယ်ကိုယ်တော်ကြီး လေးပါးလုံး ရောက်လာပြီလား”

“အံ့ဖွယ်ကိုယ်တော်ကြီး လေးပါးက အဲလောက်တောင် အားကောင်းတာလား” လုကျိုးက လက်နောက်ပစ်လျက် စိမ်ပြေနပြေ လျှောက်လာလိုက်သည်။

ကျောင်းယွဲ့၊ တွမ့်မူရှန်းနှင့် ရှောင်ယွမ်အာတို့လည်း နောက်မှ ပါလာကြသည်။

ရွှီကျင်းက ပြောလိုက်သည်။

“ ခုံကျွယ်၊ ခုံဝမ်၊ ခုံကျစ်နဲ့ ခုံကျန့်တို့တွေက ဆရာတော်ခုံယွမ်ရဲ့ နောက်က ပထမကျောင်းထိုင်တွေပဲ။ တကယ်လို့ ကိုယ်တော်သာ မမှားရင် သူတို့က ဟိုးကတည်းက နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်အဆင့်ထဲ ရောက်နေကြပြီ  ”

နတ်ဝိညာဉ်ဝဋ်ကြွေးချေ နယ်ပယ်အဆင့် လေးယောက်တဲ့လား … မဆိုးဘူး။ အဲဒီအဆင့်ထဲ ရောက်တာက တာ့ယန်မှာ အန္တရာယ်အများဆုံး နယ်ပယ်ထဲ ခြေလှမ်းလိုက်တာက အတူတူပဲ

ကောင်းကင်ရွေးချယ်ခံ ဘုရားကျောင်း၌ ရွှီကျင်း တစ်ယောက်တည်းသာ နတ်ဝိညာဉ်ဝဋ်ကြွေးချေ နယ်ပယ်အဆင့် ရောက်သူ ဖြစ်၏။ အခြားလူများက ညွှန်းဆိုဖို့ပင် သေးနုပ်လွန်းလှသည်။ နတ်ဒေဝါဦးတည်နယ်ပယ်အဆင့် ဘုန်းတော်ကြီးများလည်း သိပ်မများလှပေ။ တပည့် အယောက်တစ်ထောင်လောက်သာ ရှိပြီး သူတို့ကြား နတ်ဝိညာဉ်ဝဋ်ကြွေးချေ နယ်ပယ်အဆင့် ကျင့်ကြံသူ တစ်ယောက်ပင် မရှိချေ။

သို့သော်လည်း မဟာနတ္ထိဘုရားကျောင်းက နတ်ဝိညာဉ်ဝဋ်ကြွေးချေ နယ်ပယ်အဆင့် ကျင့်ကြံသူလေးယောက်ကို တစ်ခါတည်း ပို့လွှတ်လာသည်။ ဘုရားကျောင်းနှစ်ခုကြား ကွာဟမှုက သိသာလွန်းလှ၏။ ကောင်းကင်ရွေးချယ်ခံ ဘုရားကျောင်းက မဟာနတ္ထိဘုရားကျောင်းနှင့် ရင်ဆိုင်ရန်အတွက် သည်လိုဆုံးဖြတ်ချက်မျိုး ချသည်မှာ မထူးဆန်းတော့ပေ။ သေခြင်းတရားက အရှက်ကွဲခြင်းထက် ပိုကောင်းပေသည်။

ငါ့တပည့်တွေ အကုန် ဗီလိန်တွေချည်းပဲWhere stories live. Discover now