အခန်း (၂၄) ရှစ်စွင်းနှင့်အတူ နတ်ခြင်္သေ့ကို စီးခြင်း

2.5K 371 3
                                    

Burmese Translation of {我的徒弟都是大反派} by author 谋生任转蓬

Translator - ME

အခန်း (၂၄) ရှစ်စွင်းနှင့်အတူ နတ်ခြင်္သေ့ကို စီးခြင်း

သူမ ထိုအကြောင်းကြား‌ချိန် ယွမ်အာလေး ဒူးထောက်ချလိုက်ကာ

"ရှစ်စွင်း၊ ဒီတစ်ကြိမ် ကျွန်မကို ဖြေရှင်းခွင့်ပေးပါနော်..."

တကယ်တော့ သူတို့သည် သူ့မိသားစုဖြစ်၍ သွေးပျက်သည်မှာ ပုံမှန်ပဲဖြစ်၏။

သို့သော် လုကျိုး သူမ တောင်းဆိုချက်အား ချက်ချင်းသဘောမတူပေ။

မင်ရှစ်ရင်သည် ဤကိစ္စကို ကိုင်တွယ်ဖြေရှင်းရာတွင် အတွေ့အကြုံ အမှန်တကယ် ပိုရှိပေသည်။ သူ့ကျင့်ကြံဆင့်ကလည်း ပိုမြင့်သည်ဖြစ်ချေရာ ဤကိစ္စကိုဖြေရှင်းခွင့်ပြုလိုက်တာက ပိုစိတ်ချရမည်။

ထို့နောက် စာပို့ခိုတစ်ကောင် ပျံသန်းလာလေသည်။

"ယွမ်အာ"

ထိုသို့နှင့် ယွမ်အာလေးသည် ပျံလွှားငှက်လေးပမာ  ကောင်းကင်ဆီ မြန်မြန်ဆန်ဆန် ပျံသန်းပြီး ခိုကိုဖမ်းလိုက်သည်။

"ရှစ်စွင်း၊ စန်းရှစ်ရှိုးဆီက စာပါ!"

"ဖတ်ပြ"

"ရှစ်စွင်း၊ ကျွန်တော် ကောင်းကင်ဓားဂိုဏ်းဆီ စုံစမ်းဖို့သွားချိန် သူတို့ရဲ့ဂိုဏ်းခေါင်းဆောင် နေရာက ယာယီ လစ်ဟာပြီး ကျိုးကျစ်ဖုန်းက ဂိုဏ်းကထွက်သွားပြီမှန်း သိလိုက်ရပါတယ်၊ ထပ်စုံစမ်းပြီးတဲ့နောက် သူက သမာဓိဂိုဏ်းဆီ ဝင်သွားမှန်းသိလိုက်ရပါ‌သေးတယ်၊ သမာဓိဂိုဏ်းခေါင်းဆောင် ကျန်းယွမ်ရှန်းက သူ့ကို ဂိုဏ်းရဲ့ အကြီးအကဲလေးယောက်ထဲက တစ်ယောက်အဖြစ် သတ်မှတ်လိုက်ပြီး ဂိုဏ်းရဲ့အသက်အငယ်ဆုံး အကြီးအကဲဖြစ်စေခဲ့တာပါ၊ ကျန်းယွမ်ရှန်းရဲ့ နက်နဲတဲ့ ကျင့်ကြံဆင့်ကြောင့် ကျွန်တော် သမာဓိဂိုဏ်းအတွင်းပိုင်းနက်နက်ထိတော့ မသွားခဲ့ပါဘူး...၊ ဒါပေမဲ့ ကျွန်တော်စုဆောင်းရခဲ့တဲ့အချက်အလက်အရ ကျန်းယွမ်ရှန်းက ရှစ်စွင်းကို လူသိရှင်ကြား ရံဖန်ရံခါ စော်ကားခဲ့ပြီး ကျင့်ကြံခြင်းလောကကို သူ့ဂိုဏ်းဟာ ရွှေနန်းဥယျာဉ်တောင်နဲ့ မတည့်တဲ့အကြောင်း ကြေညာခဲ့ပါတယ်တဲ့"

ငါ့တပည့်တွေ အကုန် ဗီလိန်တွေချည်းပဲजहाँ कहानियाँ रहती हैं। अभी खोजें