အခန်း (၄၃) လျှို့ဝှက်ကတ်တွေ မရှိဘဲ ဘာလုပ်မှာလဲ

2.1K 318 4
                                    

အခန်း (၄၃) လျှို့ဝှက်ကတ်တွေ မရှိဘဲ ဘာလုပ်မှာလဲ

ကျိုးကျစ်ဖုန်းသည် ကြောက်မက်ဖွယ်ကောင်းသည့် အကန့်အသတ်မဲ့ စွမ်းအားများကြောင့် ထိတ်လန့်သွားသည်။ ယခင်က သူသည် ကျန်သည့် ကျင့်ကြံသူများကို ဦးဆောင်ပြီး အကာအရံကို ဖျက်ဆီးကာ ခွန်အားကုန် အသုံးပြုခဲ့သည်။ ထိုသို့တိုင် ယင်းက တုတ်တုတ်မျှ မလျောပေ။ ကျိထျန်းတောက် တစ်ယောက်တည်း ယင်းကို ပြင်နိုင်လိမ့်မည်ဟု တစ်ခါမှ မတွေးခဲ့မိချေ။

ယခုအချိန်တွင် လုကျိုးက မရပ်တန့်ဘဲ စွမ်းအင်များ ဆက်လက် ထည့်ပေးနေသည်။ အကာအရံက အမှန်တကယ် မပြင်ရသေးခင် သူက ကွဲပြားခြားနားသည့် နေရာများ ထဲတွင် အစီအရင်ဖြင့် မျက်လုံးကို ဆက်သွယ်ရန်သာ လိုအပ်သည်။ သူတို့က ဆက်တိုက် ဆက်နွယ်မှု တစ်ခုကို ဖွဲ့တည်သည့် အချိန်တွင် အနှောက်အယက် အဟန့်အတားမရှိ အကာအရံတစ်ခုလုံး စွမ်းအင်များ စီးဆင်းစေနိုင်မှာပဲ ဖြစ်သည်။

အမှန်အတိုင်း ဆိုရလျှင် လုကျိုးကိုယ်တိုင်လည်း အထိပ် အထိပ် အသွင် ကတ်ကြောင့် အံ့ဩသွားမိသည်။ ယင်းက သူ့ကို အကန့်အသတ် စွမ်းအားများ ထောက်ပံ့ပေးနိုင်၏။ အချိန် အကန့်အသတ် ကြောင့်သာ မဟုတ်လျှင် ဤကတ်က အမှန်တကယ် ယှဉ်ပြိုင်ဖက် ကင်းမဲ့နေသည်။ ထိုအချက်ဖြင့် သူ၏ ကျင့်ကြံဆင့်ကို တိုးမြှင်ရန် မလိုတော့ချေ။ သူ၏ စွမ်းအင် ဗဟိုချက်ထဲ အကြိမ်မည်မျှ ရှင်းလင်းသွားမှန်း သူ မရေတွက်နိုင်တော့ချေ။ အကြောင်းမှာ ယင်းသို့ ဖြစ်ပျက်သွားသည့် အချိန်၌ ချက်ချင်း ပြန်ပြည့်လာသောကြောင့် ဖြစ်၏။

အကာအရံကို ပြင်ဆင်ရန်အတွက် စုစုပေါင်း နှစ်ဆယ့်ငါးမိနစ် အချိန် ယူခဲ့ရသည်။ နောက်ဆုံးတွင် တည်ငြိမ်သွားတော့သည်။ အကာအရံကို ထိမိသည့် အချိန်တွင် သူက  သမုဒ္ဒရာပေါ်ရှိ လှိုင်းများကဲ့သို့ပင် တောက်ပပြီး တုန်လှုပ်ဖွယ် ကြိမ်နှုန်းများ လှိုင်းဂယက်ငယ်များ ပြန့်ကားနေတာကို တွေ့လိုက်ရသည်။

လုကျိုးက အသက်ပြင်းပြင်း တစ်ချက်ရှုပြီးနောက် ပတ်ဝန်းကျင်ကို ကြည့်ကာ စနစ်ဇယားကို ကြည့်လိုက်သည်။ သူ့တွင် အချိန် သုံးမိနစ်ရှိနေသေး၏။

ငါ့တပည့်တွေ အကုန် ဗီလိန်တွေချည်းပဲWhere stories live. Discover now