အခန်း (၁၀၄) ငါက အမြဲတမ်း သက်ညှာပေးပါတယ်

1.8K 255 1
                                    

အခန်း (၁၀၄) ငါက အမြဲတမ်း သက်ညှာပေးပါတယ်

အနီရောင် ရထားလုံးပျံက တစစီ ဖြစ်သွားလေပြီ။ အကယ်၍ အထဲတွင် အဆင့်မြင့် ပညာရှင် ပါရှိလာပါက မြေပြင်ပေါ် ပြုတ်ကျလာမည် မဟုတ်ပေ။ ဆိုလိုသည်မှာ ထိုရထားလုံးပျံထဲ အစကတည်းက မည်သူမှ မပါရှိပေ။ ပညာရှင်ဆိုသူလည်း လုံးဝ မပါရှိချေ။

ခဏတာစောင့်ဆိုင်းလိုက်ပြီးနောက် ထိုအကျိုးအပျက်ပုံထဲမှ မည်သူမှ ထွက်မလာခဲ့ပေ။

လုကျိုးက မုတ်ဆိတ်သပ်လိုက်ရင်း ခေါင်းညိတ်ကာ  “ ဗလာကျင်းနေတာလား ”

သူက ကတ်ငါးကတ်လုံးကို အသုံးပြုလိုက်သည့်အခါ ထိုအရာကို မှန်းဆထားပြီးသား ဖြစ်၏။ အခြေအနေက သူ့ထိန်းချုပ်မှုအတွင်း ရှိနေဆဲ ဖြစ်၏။ အကယ်၍ နတ်ဒေဝါဦးတည်နယ်ပယ် အဆင့် ကျင့်ကြံသူအဖွဲ့က သူ့ဆီ ပြေးဝင်လာခဲ့လျှင် သူ့အနေနှင့် ဖြေရှင်းဖို့ အခက်တွေ့ပေဦးမည်။

ရှောင်ယွမ်အာက စိတ်အေးသွားပုံပေါ်သည်။ သူမက တိတ်ဆိတ်မှုကို အရင်ဖြိုခွင်းလိုက်သူ ဖြစ်၏။ သူမက ရယ်မောကာ  “ ရှစ်စွင်းက အရမ်းအံ့ဩဖို့ကောင်းတယ်”

လုကျိုးက မုတ်ဆိတ်အသာသပ်ကာ တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။

“ ဘယ်လိုနေသေးလဲ ”

“တပည့် အဆင်ပြေပါတယ်… စောစောကတော့ နည်းနည်း မူးနောက်နောက် ဖြစ်နေပေမဲ့ အခုနေလို့ကောင်းသွားပါပြီ” ရှောင်ယွမ်အာက လုကျိုးဆီ လျှောက်လာရင်း ပြောလိုက်သည်။

‘အထွတ်အထိပ် သန့်စင်ကျောက်စိမ်း ကျင့်စဉ်က စုန်းအတတ်ကို တွန်းလှန်ပေးနိုင်တာလား’  လုကျိုးက စဉ်းစားလိုက်မိသည်။

စုန်းအတတ် အစီအရင်မှ ခရမ်းရောင်အလင်းတို့က ပျောက်ကွယ်လုမတတ် ဖြစ်နေလေပြီ။ တိုက်ခိုက်ဖို့ စောင့်ဆိုင်းနေကြသည့် ရဲမက်များနှင့် ကျင့်ကြံသူများက သူတို့အနား ရှိနေဆဲ ဖြစ်၏။

လုကျိုးက မစိုးရိမ်ပေ။ လက်ကျန်လူများက သူ့ကို ထိန်းထားရန် စွမ်းအားမဲ့လွန်းလေသည်။ သူက တင်းဖန်ချိုးအပေါ် အာရုံစိုက်လိုက်သည်။

ငါ့တပည့်တွေ အကုန် ဗီလိန်တွေချည်းပဲWhere stories live. Discover now