အခန်း (၆၅) ဝါရင့်ကိုယ်တော်ကို ဉာဏ်အလင်းပွင့်စေတာလား

1.7K 262 0
                                    

အခန်း (၆၅) ဝါရင့်ကိုယ်တော်ကို ဉာဏ်အလင်းပွင့်စေတာလား

လုကျိုးက ထိုကိုယ်တော်ခုံရွှမ်းသည် အလွယ်တကူ အနိုင်ယူ၍ရသည့်သူ မဟုတ်ဟု သူ့ဘာသာသူ တွေးလိုက်၏။ ခုံရွှမ်းပြန်ဆုတ်သွားသည်နှင့် မရေမတွက်နိုင်သည့် လက်ဝါးရိုက်ချက်များက လုကျိုး၏ ဧရာမရွှေကိုယ်ထည်ကို ထိသွားပြီးနောက် ပျောက်ကွယ်သွားတော့သည်။ သူက ထိခိုက်ဒဏ်ရာရခြင်းမရှိ၊ သက်ရောက်ခံရခြင်း မရှိခဲ့ပေ။ အားလုံးက အသေရိုက်ချက်ကတ်၏ လုပ်ဆောင်ချက်သာ ဖြစ်သည်။ သို့သော် ဗုဒ္ဓဂိုဏ်း၏ကျင့်စဉ်ဖြင့် အဘယ်ကြောင့် ပေါ်လွင်နေစေရသနည်း။

ကိုယ်တော်ခုံရွှမ်းက အဖြစ်အပျက်ကို မယုံနိုင်ဖြစ်နေသည်။ သေးငယ်သော လက်ဝါးရိုက်ချက်က သူ့နောက်ကို လိုက်နိုင်သည့် မျက်ဝန်းတစ်စုံ ပိုင်ဆိုင်ထားပုံရသည်။ ရွေးချယ်စရာမရှိဘဲ နောက်ဆုတ်လိုက်ရတော့၏။ သူ၏အလိုလိုသိစိတ်အရ ထိုသေးငယ်သောလက်ဝါးရိုက်ချက်သည် အန္တရာယ်များကြောင်း သူ့ကိုပြောပြနေပေ၏။

အထွတ်အမြတ်ယဇ်ပလ္လင်က ကျယ်ဝန်းပြီး မိုင်တစ်ဒါဇင်ခန့်ကျယ်ပေ၏။ ခုံရွှမ်းက လက်ဝါးရိုက်ချက်ကို အောင်မြင်စွာရှောင်တိမ်းနိုင်မည်ဟု တွေးမိသည့်အချိန်၌ မျက်တောင်တစ်ခတ်စာအတွင်း ထိုလက်ဝါးသည် ရုတ်တရက်ကြီးမားလာ၏။ သူက နောက်သို့ ဆက်ဆုတ်နေစဉ် တစ်စုံတစ်ခုလွဲမှားနေသည်ဟူသော ခံစားချက်ကို မဖယ်ခွာနိုင် ဖြစ်နေသည်။ အချိန်ကြာလာသည်နှင့်အမျှ ထိုလက်ဝါးက ပိုမိုကြီးမားလာတာကို သူသတိပြုမိလိုက်သည်။ ယခု အချိန်တွင် လက်ဝါးသည် လူ့အရပ်ထက် ပိုမြင့်နေခဲ့ပြီးဖြစ်သည်။ သူ့ရင်ထဲ၌ စိတ်ပျက်အားငယ်စိတ်တို့ တိုးလာကာ ဆက်လက်နောက်ဆုတ်နေပြီး သူ၏ရှင်သန်လိုစိတ်က ပေါ်ပေါက်လာ၏။

လက်ဝါးရိုက်ချက်သည် ခုံရွှမ်း၏မျက်နှာနှင့် ဆံချည်တစ်မျှင်စာသာ ကွာဝေးတော့သည့် အချိန်တွင် အဆပေါင်းများစွာ ထပ်မံကြီးမားလာ၏။ ထိုအကြောင်းကြောင့် သူသည် တိုက်ကွက်ကို ရှောင်တိမ်းရာ၌ အခက်တွေ့နေတော့သည်။ လက်ဝါးရိုက်ချက်က သူနှင့်နီးကပ်လာပြီး တိုက်ကွက်အချို့ကို သူထုတ်သုံးရမည်မှန်းသိနေ၏။

ငါ့တပည့်တွေ အကုန် ဗီလိန်တွေချည်းပဲWhere stories live. Discover now