အခန်း (၁၈၈) နောက်ထပ် အမှိုက်လား

1.2K 183 1
                                    

အခန်း (၁၈၈)  နောက်ထပ် အမှိုက်လား

လုကျိုးက ခြောက်သွယ်ပေါင်းစည်းတြိမျဉ်း စိတ်ဝိညာဉ်သဏ္ဌာန်အစား ခုနစ်စင်ကြယ်ဝိညာဉ် အစားနေရာယူသွားသည်ကို မြင်လိုက်ရသည်။ တစ်ချိန်တည်းတွင် သူက ချီသွေးကြောရှစ်ခုလည်း အံ့ဖွယ်စွမ်းအားများနှင့် ပြည့်နှက်သွားသလို ခံစားလိုက်ရသည်။

ဗြဟ္မာပင်လယ် ချီသွေးကြောအဆင့်နှင့်အောက် ကျင့်ကြံသူများက တိုးတက်မှုများနှင့် လေ့ကျင့်မှုများက သူတို့ခန္ဓာကိုယ်နှင့် အသိစိတ်အပေါ်သာ ဖြစ်သည်။ သို့သော်လည်း နောက်ပိုင်းကျ ကျင့်ကြံသူက နတ်ဒေဝါဦးတည်နယ်ပယ်အဆင့်သို့ ရောက်ရှိသွားလိမ့်မည်။

ပုံမှန်အားဖြင့် ဂိုဏ်းတစ်ဂိုဏ်းအတွင်း ကျင့်ကြံသူရာပေါင်းများစွာကြား နတ်ဒေဝါဦးတည်နယ်ပယ်အဆင့် ကျင့်ကြံသူတစ်ယောက်သာ ရှိတတ်သည်။ နတ်ဒေဝါဦးတည်နယ်ပယ်အဆင့်က သူ/ သူမ ကျင့်ကြံသည့် ကျင့်စဉ်ကို ထိန်းချုပ်နိုင်လိမ့်မည်။ တစ်ချိန်တည်းဆိုသလို ကျင့်ကြံရေးလောက၌ အလေးအနက် မှတ်ယူခံရ၏။ သူတို့က ကျင့်ကြံဆင့်အရရော အင်အားအရပါ ဗြဟ္မာပင်လယ်နယ်ပယ်အဆင့် ကျင့်ကြံသူများထက် သာလွန်သွားလေပြီ။

ထိုစဉ် မိစ္ဆာဝေဟင်မျှော်နန်းဝန်းကျင်၌ စွမ်းအားများ ထွက်ပေါ်လာသည်။ တချို့စွမ်းအားများက မိစ္ဆာဝေဟင်မျှော်နန်း၏ ဖွင့်ထားသော တံခါးပေါက်များနှင့် ပြတင်းပေါက်များမှ စီးဝင်သွားလေသည်။

စွမ်းအားလှုပ်ခတ်မှုကို ခံစားမိကြသည့် တပည့်များက မျှော်နန်းရှိရာဆီ ကြည့်လိုက်ကြသည်။

ကျူးဟုန်ကုန်းက သိချင်စွာ ပြောလိုက်သည်။

“ရှစ်ရှိုး … နတ်ဒေဝါဦးတည်နယ်ပယ်အဆင့်ကို တစ်ယောက်ယောက်များ တက်လှမ်းနေတာလား ”

မင်ရှစ်ရင်က အသားကျနေပြီ ဖြစ်ရာ   “ အလန့်တကြားဖြစ်ဖို့ မလိုဘူး။ တစ်ချိန်လုံး ရှစ်စွင်းပဲ လုပ်နေတာ ”

ကျူးဟုန်ကုန်းက ခေါင်းကုတ်လိုက်သည်။ သူက ကောင်းကင်ရွေးချယ်ခံ ဘုရားကျောင်းမှ မြင်ကွင်းကို ပြန်လည် တွေးတောလိုက်၏။ သူက သူ့ရှစ်စွင်းဖြစ်သူ၏ ကျင့်ကြံဆင့်နှင့် စွမ်းရည်ကို သံသယမဝင်ရဲပေ။ သူ့ရှစ်စွင်းက ဗုဒ္ဓရွှေခန္ဓာကိုယ်ကိုပင် ဖွဲ့စည်းနိုင်ပြီး မဟာကြောက်ရွံ့ခြင်းမဲ့  စည်းတံဆိပ်တော်ကိုပင် ထုတ်လွှင့်နိုင်ကာ အံ့ဖွယ်ကိုယ်တော်လေးပါးကို အနိုင်ပိုင်းခဲ့သည် မဟုတ်ပါလော။ ထိုအချက်များဖြင့် သူက ဘာမှမပြောရဲတော့ပေ။

ငါ့တပည့်တွေ အကုန် ဗီလိန်တွေချည်းပဲWhere stories live. Discover now