အခန်း (၁၅၉) ချန်ဟွမ်းလား ယဲ့ထျန်းရှင်း အသက်ရှင်လာပြီ။

1.2K 190 0
                                    

အခန်း (၁၅၉) ချန်ဟွမ်းလား ယဲ့ထျန်းရှင်း အသက်ရှင်လာပြီ။

ယွင်ဂိုဏ်း၏ ဓားသူတော်စင်လော့ရှစ်စန်းသည် ယခင်က ထိုကဲ့သို့စော်ကားမှုမျိုးကို မကြုံခဲ့ရဖူးပေ။ သူက

"မိစ္ဆာဝေဟင်မျှော်နန်းရဲ့ကြီးကျယ်တဲ့ တပည့်တစ်ယောက်က လူတစ်ယောက်နိမ့်ပါးနေတဲ့အချိန်မှာ မတိုက်ခိုက်ဘူးမလား"

ယွီရှန်းရုန်က ခေါင်းခါပြီးနောက်ပြောလိုက်လေ၏။ "ဆရာ ကျွန်တော့်ကို အထင်လွဲနေပြီ"

"အို"

"ခင်ဗျားက လက်ရှိအင်မတန်အားနည်းနေတာ။ ပျင်းရိဖို့ကောင်းလောက်အောင်ပဲလေ။ ဒီတော့ ကျုပ် ခင်ဗျားကို သတ်လို့ရတယ်။ ဒါပေမဲ့ တစ်လအတွင်းမှာ" ယွီရှန်းရုန်က ပြောလိုက်လေ၏။

"..." လော့ရှစ်စန်းက ယွီရှန်းရုန်ကို စိတ်ရှုပ်ထွေးသောအကြည့်ဖြင့်ကြည့်လိုက်လေ၏။

သူဘာအကွက်တွေချနေတာလဲ လူဆိုးတစ်ယောက်ရဲ့တွေးတဲ့ပုံက ဘယ်လိုတောင်မနှစ်မြို့ဖို့ ကောင်းနေတာလဲ သူကပြောလိုက်၏။

"မိစ္ဆာဝေဟင်မျှော်နန်းရဲ့တပည့်တွေက မျက်တောင်မခတ်ဘဲ လူသတ်တယ်လို့ တစ်လောကလုံးက ပြောကြတာ အမှန်ဖြစ်နေပုံပဲ။ ဆိုလိုတာက ကျုပ်က နောက်ထပ်တစ်လအသက်ရှင်ရတာလား"

ယွီရှန်းရုန်က သိမ်မွေ့သည့်လေသံဖြင့်ပြောလိုက်လေ၏။

"ကျုပ်ရဲ့မွေးရပ်မြေမှာ ရွှင်းရိချောင်လို့ အပင်တစ်မျိုးရှိတယ်။ သက်တမ်းက အင်မတန်တိုတာ။ မနက်မှာပဲပွင့်ပြီး ညအချိန်ကျရင် ညှိုးခြောက်သွားတာ။ ခင်ဗျားက အဲ့ဒီရွှင်းရိချောင်ထက် ပိုကံကောင်းပါတယ်"

"မင်း" လော့ရှစ်စန်းသည် ထိုစကားကိုကြားသည့်အချိန်၌ စိတ်ပျက်သွားသော်ငြားသူက ထုတ်မပြရဲချေ။

"ကျေးဇူးပြုပြီး" ယွီရှန်းရုန်က သူ၏လက်ဖြင့် သိမ်းကျုံးသည့်လက်ဟန်တစ်ခုပြုလုပ်လိုက်ပြီး လော့ရှစ်စန်းကို ထွက်သွားခွင့်ပေးကြောင်းဖော်ပြလိုက်၏။

"မင်း ငါ့ကိုနောက်ကနေတိုက်ခိုက်မှာမဟုတ်ဘူးလား" လော့ရှစ်စန်းက ယင်းကို ယုံနိုင်ရန်ခက်ခဲ နေသည်။ ယွီရှန်းရုန်က ဘာမှမပြောဘဲ ထိုအစား လော့ရှစ်စန်းကို တည်ငြိမ်စွာကြည့်လိုက်လေ၏။

ငါ့တပည့်တွေ အကုန် ဗီလိန်တွေချည်းပဲحيث تعيش القصص. اكتشف الآن