အခန်း (၁၉၂) မင်းဘာသာ လွတ်မြောက်လာပြီးတော့ အရှင်သခင် ဖြစ်လာ

1.3K 181 2
                                    

အခန်း (၁၉၂) မင်းဘာသာ လွတ်မြောက်လာပြီးတော့ အရှင်သခင် ဖြစ်လာ

လုကျိုးက ဖန်ကျုံးတစ်ယောက် နိဗာနခါးစည်းနှင့် ချည်နှောင်ခံထားရပြီး ခန်းမကျယ် တံခါးမှ လွင့်စဉ်လာသောကြောင့် မြင်လိုက်ရသည်။ သူက အသံမြှင့်ကာ  “ ကစားမနေနဲ့တော့ ”

ရှောင်ယွမ်အာက မြေပေါ်ဆင်းလာပြီး အနည်းငယ် နစ်နာစွာ ရေရွတ်လိုက်သည် “အို့ ”

လုကျိုးက ခေါင်းခါလိုက်၏။ သူက လျှို့ဝှက်ခန်းထဲ ပြန်ကာ နားလည်အောင် ဆက်ဆင်ခြင်လိုက်သည်။

…………..…

ခန်းမကျယ်အပြင်ဘက်၌ …

ဖန်ကျုံး၏ မျက်နှာက ယောင်ကိုင်းကာ ဒဏ်ရာဒလပွ ဖြစ်နေသည်။

ရှောင်ယွမ်အာ၏ ထိန်းချုပ်မှုအောက်တွင် နိဗာနခါးစည်းက သူ့ကို လွှတ်ပေးလိုက်ပြီး ပိုင်ရှင်ဆီ ပြန်ရောက်သွားသည်။

ထိုအရာက ရှောင်ယွမ်အာကို ရစ်ပတ်လိုက်ပြီးနောက် သူမ၏ ဝတ်ရုံနက်အောက် ပျောက်ကွယ်သွားပုံ ပေါ်သည်။

ရှောင်ယွမ်အာက ခေါင်းကုတ်ကာ  “ ကျွန်မတို့ တောင်နောက်မှာ ထပ်စမ်းကြမလား … ဒါနဲ့ သိပ်မရင်းနှီးသေးဘူး ”

ဖန်ကျုံး လက်ခါကာ   “ နဝမသခင်မလေး ကျွန်တော်က ပြိုင်ဘက် မဟုတ်ပါဘူးဗျာ”

သူက သက်ညှာပေးဖို့သာ ပြောနေပြီး ရှောင်ယွမ်အာနှင့် လက်ရည် မစမ်းချင်တော့ပေ။ သူမက အဆင့်မတက်သေးလျှင်ပင် သူက သူမနှင့် လက်ရည်စမ်းလောက်အောင် မရူးမိုက်ပေ။

“ ရှင်က ပျင်းစရာကြီး ” ရှောင်ယွမ်အာက ခါးထောက်ကာ ပြောလိုက်သည်။

ဖန်ကျုံးက ထိုအရာကို မြင်သည့်အခါ အလျင်စလို ပြောလိုက်သည်။

“ နဝမသခင်မလေး … အစ်ကိုကျိုးက အခုတလော ဓားလေ့ကျင့်နေတာ။ သူ့ကြည့်ရတာ အတော်တိုးတက်လာပုံပဲ။ သူက ကောင်းကင်ဓားဂိုဏ်းရဲ့ တပည့်ကြီးဆိုတော့ ဓားသိုင်းမှာ အတော်လေး ထူးချွန်တယ်”

“ သူ ဘယ်မှာလဲ ”

“တောင်အနောက်ဘက်မှာ” ဖန်ကျုံးက တုံ့ဆိုင်းမနေဘဲ တောင်အနောက်ဘက်ဆီ လက်ညှိုးထိုးပြလိုက်သည်။ သူက ထပ်မံ ချီးကျူးချင်သော်လည်း သူ လှည့်ကြည့်လိုက်သည့်အခါ ရှောင်ယွမ်အာက ထွက်သွားပြီ ဖြစ်၏။

ငါ့တပည့်တွေ အကုန် ဗီလိန်တွေချည်းပဲWhere stories live. Discover now