အခန်း (၁၇၅) ပြန်ရောက်လာခြင်း၊ ဝိညာဉ်သုံးခုထဲဝင်ရောက်ခြင်း

1.3K 179 0
                                    

အခန်း (၁၇၅) ပြန်ရောက်လာခြင်း၊ ဝိညာဉ်သုံးခုထဲဝင်ရောက်ခြင်း

သူ့အမည်ကိုပြောလိုက်သည့်အချိန်တွင် အသံက ညင်သာကာပေါ့ပါး၏။ သို့သော် ဓားစင်မြင့်တွင် ပဲ့တင်သံထပ်သွားတော့၏။

ဓားစင်မြင့်ထက်တွင်ရှိသော တပည့်များသည် သူတို့၏ဆရာနှင့် ဝတ်ရုံစိမ်းဓားသမားတို့ အပြန် အလှန် နှုတ်ဆက်စကားပြောနေသည့်အောက်၌ အထင်ကြီးနေကြသည်။ သို့သော် ဝတ်ရုံစိမ်းဓားသမား၏အမည်ကို ကြားရသည့်အချိန်၌ သူတို့သည် မိုးကြိုးအပစ်ခံရသည့်ပမာ နေရာတွင်ပင် ကြောင်အစွာ ရပ်နေမိကြ၏။

ယွီရှန်းရုန်ဟူသည် လူတစ်ယောက်၏ သတ္တိအလုံးစုံကို ယူဆောင်သွားနိုင်သော စွမ်းရည်ရှိသည့် အမည်နာမတစ်ခုဖြစ်သည်။

မိစ္ဆာဝေဟင်မျှော်နန်း၏ ဒုတိယတပည့်  ယွီရှန်းရုန်သည် အမျိုးမျိုးသော လက်ရွေးစင်များကို စိန်ခေါ်ရန် နှစ်ခြိုက်သည့် ဓားရေးကျွမ်းကျင်သူ ဖြစ်သည်။ သူက အနည်းငယ်လေး သဘောမတွေ့ဖြစ်သည်နှင့် တစ်ဖက်လူကို သတ်ဖြတ်နိုင်စွမ်းရှိသည့် လူဆိုးဟုလည်း နာမည်ဆိုးဖြင့် ကျော်ကြားသည်။ သူ့ကို ဓားနတ်ဆိုးဟူ၍လည်း အမည်ပေးထားကြ၏။

ဤမျှယဉ်ကျေးပြီး နှိမ့်ချတတ်သောဓားသမားသည် မိစ္ဆာဝေဟင်မျှော်နန်း၏ ကျော်ကြားသော ဒုတိယတပည့် ယွီရှန်းရုန်ဖြစ်နေလိမ့်မည်ဟု တပည့်များက မထင်ထားပေ။

အငယ်များက လူဆိုးကြီးများအကြောင်း ပုံပြင်များ ကြားနေကျဖြစ်သည်။ လူဆိုးကြီးများအားလုံးက ရက်စက်ကြမ်းကြုတ်ပြီး မိစ္ဆာဆန်မည်ဟု သူတို့က တွေးမိကြတာပဲဖြစ်သည်။ တစ်ယောက်လောက် ကြုံတွေ့ရလျှင်တောင် သူတို့လူဆိုးများကို မှတ်မိကြမည်ဟု ထင်မှတ်ကြသည်။ ဤဝတ်ရုံစိမ်းဖြင့် ဓားသမားကို ဓားနတ်ဆိုးမှန်းမည်သူက သိမည်နည်း။

တပည့်များထဲမှတစ်ဦးက နောက်ဆုံးတွင်တုံ့ပြန်ပြီး အမောတကောလေသံဖြင့်ပြောလိုက်တော့၏။

“အဓိကစင်မြင့်ကို သတင်းစကားပို့လိုက်။ အကြီးအကဲရောက်လာပြီ။ ဓားနတ်ဆိုးကို သတ်ဖို့ပြော လိုက်”

ငါ့တပည့်တွေ အကုန် ဗီလိန်တွေချည်းပဲWhere stories live. Discover now