အခန်း (၁၅၆) အချင်းချင်း ဖျက်ဆီးနေသည်အား အဆုံးသတ်ရန် ဘိုးဘေးများ၏ ဆုံးဖြတ်ချက်

1.3K 202 2
                                    

အခန်း (၁၅၆) အချင်းချင်း ဖျက်ဆီးနေသည်အား အဆုံးသတ်ရန် ဘိုးဘေးများ၏ ဆုံးဖြတ်ချက်

ယွဲ့ချုံးနှင့် တွမ့်ယန်ဟုန်တို့က သူတို့ခေါင်းဆောင်ကို ယုံရခက်စွာ ကြည့်လိုက်ကြသည်။

“ခေါင်းဆောင်”

“အဖွဲ့ခေါင်းဆောင်”

“ဘာလုပ်လိုက်တာလဲ ” ယွဲ့ချုံးက အော်ပြောလိုက်သည်။

ဖန်ကျုံး သတိပြုမိဖို့ အချိန်တချို့ ကြာမြင့်လိုက်သည်။ သူက ပြောလိုက်၏။

“ ပါးစပ်ပိတ်ထား … ဖန်းရှုဝမ်က စွဲလမ်းအောင် ပြုစားခံထားရတာ။ မျှော်နန်းသခင်က သူ့ကို ပြန်ဖြေပေးနေတာ။ မင်းတို့ ကျေးဇူးတင်သင့်တယ် ”

“ စွဲလမ်းအောင် ပြုစားခံထားရတာလား ” ယွဲ့ချုံးက ကြောင်အမ်းသွားသည်။

“ မင်းတို့ဘာသာ ကြည့်ကြ ” ဖန်ကျုံးက စုန်းအတတ်ကို လေ့လာဖူးလေသည်။ စုန်းအတတ်ကို နားမလည်သူများက ဒီအရာမှ ဘာမှသိမည် မဟုတ်ပေ။ သူလည်း နေရခက်သည့် အခြေအနေကြား ကျရောက်နေလေ၏။ လုကျိုးက ကျင့်မင်တာအိုဂိုဏ်း၏ ကျင့်ကြံဆင့် စည်းပိတ်ခြင်း ပညာရပ်ကို လက်ဝါးချက် တစ်ခါရိုက်ရုံဖြင့် ဖြေရှင်းခဲ့သောကြောင့် သူ မျှော်လင့်ထားသည်ထက် ကျော်လွန်နေလေသည်။

ထိုစဉ် ကြောင်အမ်းအမ်း ဖြစ်နေပြီးနောက် ဖန်းရှုဝမ်က ပုံမှန်ပြန်ဖြစ်သွားသည်။ သူက ရုတ်ခြည်း ဒေါသထွက်လာကာ “ ငါ လန်လော့ကို ရန်စသူတိုင်း သေရမယ် ”

ဖန်းရှုဝမ်က သူ့တာအိုကိုယ်ပျောက် အစွမ်းထက်ဆုံး တိုက်ကွက်ဖြင့် စလိုက်သည်။ သူ့ ပွင့်ချပ်ရှစ်လွှာ စိတ်ဝိညာဉ်သဏ္ဍာန်အောက်တွင် ဖန်းရှုဝမ်၏ အရိပ်က ကောင်းကင်အပြည့် ဖြစ်လာသည်။

ယခင် ပေနက်လွှာ ထိပ်ဆုံးတွင်ရှိသည့်သူ ပြန်ရောက်လာလေပြီ။

ယွဲ့ချုံးနှင့် တွမ့်ယန်ဟုန်တို့လည်း မြင်ကာ အံ့ဩသွားကြသည်။

အခြားသော နတ်ဆရာကိုးယောက်ကလည်း ပွင့်ချပ်ရှစ်လွှာ စိတ်ဝိညာဉ်သဏ္ဍာန် ပေါ်ထွက်လာမှုကို မြင်ကာ အံ့ဩကုန်ကြသည်။

ငါ့တပည့်တွေ အကုန် ဗီလိန်တွေချည်းပဲWhere stories live. Discover now