အခန်း (၃၀) ကျုပ်စကားနားထောင်ပါ သူတို့ကို ရန်မစမိစေနဲ့

2.2K 318 4
                                    

Burmese Translation of {我的徒弟都是大反派} by author 谋生任转蓬
Translator - ME

အခန်း (၃၀)  ကျုပ်စကားနားထောင်ပါ သူတို့ကို ရန်မစမိစေနဲ့

“မိုးပြာနဂါးဂိုဏ်း ရှင်းထုတ်ခံလိုက်ရပြီလား၊ ဘယ်သူ့လက်ချက်လဲ ” ယဲ့ထျန်းရှင်းက မျက်မှောင်အနည်းငယ်ကြုတ်ကာ မေးလိုက်သည်။

“ကျွန်တော်တို့ မသိသေးပါဘူး။ ဒါပေမဲ့ သဲလွန်စတွေအရတော့ တိုက်ခိုက်သူက ဗြဟ္မာပင်လယ်နယ်ပယ်အဆင့်မှာ ချီသွေးကြောရှစ်ခုဖွင့်ထားတဲ့ ကျင့်ကြံသူပဲ ဖြစ်ရမယ် ”

ကျောင်းယွဲ့က ဘေးမှဝင်ပြောလိုက်သည်။ “ ရှောင်ယွမ်အာများလား ”

“ ရှောင်ယွမ်အာက နတ်ဒေဝါ ဦးတည် နယ်ပယ်အဆင့်ဆိုတော့ သူမရဲ့အကျင့်စရိုက်အရ အဲဒီလူတွေကို သတ်ပစ်တာ ဖြစ်နိုင်လောက်တယ်။ ဒါပေမဲ့ သူမက ကျင့်ကြံဆင့်ကိုတော့ ဖုံးကွယ်ထားမှာ မဟုတ်ဘူး ”

ယဲ့ထျန်းရှင်းက သုံးသပ်ပြလိုက်သည်။

“ ရွှေနန်းဥယျာဉ်တောင်ကနေ လူအိုကြီးလည်း သူမနဲ့အတူတူ ထွက်လာတာဆိုရင်ရော”  ကျောင်းယွဲ့က တဖန်မေးလိုက်ပြန်သည်။

ယဲ့ထျန်းရှင်းက ခေါင်းခါကာ  “ အဲလိုတော့ မဖြစ်နိုင်လောက်ဘူး။ ဒါပေမဲ့ သေချာအောင်တော့ စီမိသားစုဆီ လူတစ်ယောက်ပို့ပြီး စုံစမ်းခိုင်းလိုက်မယ် … လာကြစမ်း ”

“ ဟုတ် သခင်မ ”

“ဒီပုံတူတွေကို ယူသွားပြီးတော့ စီမိသားစုထဲမှာ သွားပုန်းနေလိုက်။ သူတို့ကို မြင်တာနဲ့ ချက်ချင်း သတင်းပို့ ”

“ နားလည်ပါပြီ ”

ယဲ့ထျန်းရှင်းက လက်တစ်ချက်အဝေ့ဖြင့်  ပုံတူကားနှစ်ချပ် ပေါ်လာသည်။ တစ်ယောက်မှာ တစ်ခေါင်းလုံး ဆံမွေးဖြူများဖြင့် အသက်ကြီးနေသော ကျိထျန်းတောက် ဖြစ်ပြီး နောက်တစ်ယောက်မှာ အပြာရောင်ဝတ်စုံလေးနှင့် ချစ်စဖွယ်ကောင်းသည့် ယွမ်အာ၏ ပုံတူ ဖြစ်ပေသည်။

သူမက အမိန့်ပေးလိုက်ပြီးနောက် ထပ်ပြောလိုက်သည်။ “ တော်ဝင်တပ် တံဆိပ်အတွက်တော့ … ”

“အဲဒီပစ္စည်းက တော်ဝင်တပ်ကို လှုပ်ရှားအောင် အမိန့်ပေးနိုင်ပေမဲ့ အမြဲတမ်း တာ့ယန်ဘုရင်လက်ထဲပဲ ရှိခဲ့တာမလား။ ဘယ်လိုလုပ် အန်းယန်မှာ ပေါ်လာတာလဲ ” ကျောင်းယွဲ့က စဉ်းစားရင်း ပြောလိုက်သည်။

ငါ့တပည့်တွေ အကုန် ဗီလိန်တွေချည်းပဲWhere stories live. Discover now