အခန်း (၄၄) ဝှက်ဖဲများကို ပြန်လည်စုစည်းခြင်း

1.9K 288 1
                                    

အခန်း (၄၄) ဝှက်ဖဲများကို ပြန်လည်စုစည်းခြင်း

ယဲ့ထျန်းရှင်းက မြေပြင်ပေါ် လက်ထောက်ကာ သူမဘာသာ ထဖို့ ကြိုးစားလိုက်သည်။ သူမ မျက်နှာပေါ်ရှိ အမူအရာတို့မှာ ရှုပ်ထွေးကာ နားမလည်ဖြစ်နေဟန် ပေါ်နေ၏။

လှည့်ကွက်တဲ့လား …

ဘာမှအရေးမပါတော့ပေ။

သူမက မင်ရှစ်ရင်ကို ကြည့်လိုက်သည်။ သွေးများ ပေစွန်းနေသည့်အပြင် သူ့ခန္ဓာကိုယ်ပေါ်လည်း အညစ်အကြေးများ ရှိနေသည်။ သူ့ရင်ဘတ်ပေါ်ရှိ ကျဉ်းရှည်ရှည် ဟက်တက်ကွဲဒဏ်ရာကြီးက ကြောက်ဖို့ ကောင်းလှသည်။ နေရောင်အောက်တွင် သူမက ဒဏ်ရာကား အနာဖေး မတက်သေးကြောင်း မြင်လိုက်ရသည်။

သွေးနံ့ကြောင့် ဒဏ်ရာနားတွင် ယင်ကောင်များ တဝီဝီ ပျံသန်းနေကြသည်။

ဤသည်မှာ တစ်ကမ္ဘာလုံး ကြောက်ရွံ့ရသည့် သူမရဲ့ စစ်ရှစ်ရှိုး ဟုတ်ရဲ့လား။ မင်ရှစ်ရင်က နတ်ဒေဝါ ဦးတည် နယ်ပယ်အဆင့် ကျင့်ကြံသူ မဟုတ်ဘူးလား။ အခုတော့ ယင်ကောင်တွေကတောင် သူ့ကို အနိုင်ကျင့်နေပြီလား။

“အစ်ကိုကို့ ဒီလိုမြင်ရလိမ့်မယ်လို့ မထင်ထားဘူး ” ယဲ့ထျန်းရှင်းက အားနည်းဖျော့တော့စွာ ပြောလိုက်သည်။ ပူပြင်းစူးရှသော နေရောင်နှင့် ခြောက်သွေ့နေသော လေထုတို့က သူမအား မသက်မသာ ဖြစ်စေမိသည်။

မင်ရှစ်ရင်က လက်ကို မြှောက်ကာ ယမ်းခါပြလိုက်သည်။ သူမက သူ ယင်ကောင်တွေကို ခြောက်နေသည်လား ဒါမှမဟုတ် သူမကို ငြင်းဆန်သည်လား မသည်းကွဲပေ။

“ ငါ ပင်ပန်းနေရုံလေးတင် … ”

“ အဲဒီလူအိုကြီးက အစ်ကိုတို့အားလုံးကို တောင်ပေါ်မှာ သေခိုင်းခဲ့တာလေ၊ အစ်ကိုက ဒီမှာကျန်နေပြီး သူ့အတွက် သေပေးလိမ့်မယ်လို့ ကျွန်မတော့ မယုံနိုင်ဘူး။ အစ်ကို ရူးနေတာလား ” ယဲ့ထျန်းရှင်းက လှောင်ပြောင်လိုက်သည်။

မင်ရှစ်ရင်က ပင်ပန်းလွန်းနေသည့်အတွက် မျက်လုံးပင် အနိုင်နိုင်ဖွင့်နေရသည်။ သို့သော်လည်း သူက ပြန်ဖြေလိုက်သေး၏။ 

“ နင် နားမလည်ပါဘူး … ငါက နင့်လို မဟုတ်ဘူး။ ငါက ရှစ်စွင်းကို အရမ်းလေးစားတာ ”

ငါ့တပည့်တွေ အကုန် ဗီလိန်တွေချည်းပဲWhere stories live. Discover now