အခန်း(၁၄၅) သေတ္တာကိုဖွင့်ဖို့အတွက် အနီရောင်လက်တစ်ဖက်လိုအပ်

1.2K 197 0
                                    

အခန်း(၁၄၅) သေတ္တာကိုဖွင့်ဖို့အတွက် အနီရောင်လက်တစ်ဖက်လိုအပ်

ယွီကျန့်ဟိုင်က သေရည်သုံးခွက်ဆက်တိုက်သောက်လိုက်လေ၏။ အကြိမ်တိုင်းတွင် ကျားတောင်ရိုးဂိုဏ်းသားက သူ့ခွက်ကို ဖြည့်ပေးတော့သည်။

“ငါ မိစ္ဆာဝေဟင်မျှော်နန်းကနေ ထွက်မလာခဲ့ရင် ငါသေလောက်တယ်”

မင်ရှင်ရင်နှင့် ကျူးဟုန်ကုန်းက မှင်တက်သွားလေသည်။

“ဒီလောက်ဆိုးတယ်လား”

ယွီကျန့်ဟိုင်က တည်ငြိမ်စွာခေါင်းညိတ်ပြီးနောက်ပြောလိုက်တော့သည်။ “ထားလိုက်တော့။ ဒီအကြောင်းမပြောရအောင်။ လာ သောက်ကြရအောင်”

“...” မင်ရှစ်ရင်က စိတ်ရှုပ်ထွေးနေသော အမူအရာဖြင့် နောက်တစ်ခွက်ကို ရှင်းလိုက်တော့သည်။

“နောက်တစ်ခွက်”

“အမ်း” မိစ္ဆာဝေဟင်မျှော်နန်းထဲရှိ လူတိုင်းက ယွီကျန့်ဟိုင်သောက်ရတာကို နှစ်သက်မှန်း သိသည်။ သူသည် ကျန်သည့်အရေးကိစ္စများကိုမူ ဂရုစိုက်တာ နည်းပေ၏။ သို့သော်ငြား သေရည်နှင့် ပတ်သက်လာလျှင် သူ၏ နှလုံးသားဆန္ဒအတိုင်းသောက်ပေ၏။

မင်ရှစ်ရင်သည် သေရည်ပြင်းပြင်းခွက်အချို့သောက်ပြီးနောက် စတင်ပြီး မသက်မသာဖြစ်လာ တော့၏။

“တာ့ရှစ်ရှိုး ကျွန်တော်တို့တွေ အတိတ်ကိုလည်း သတိရပြီး၊ သောက်လဲ သောက်ပြီးပြီ။ ဒီသေတ္တာက”

“လောင်စစ် ငါက ဒီသေတ္တာကို ငါ့ဖာသာငါသိမ်းထားချင်တယ်လို့ပြောရင် မင်း ဘာလုပ်မှာလဲ”

” ယွီကျန့်ဟိုင်က သူ၏ သေရည်ခွက်ကို ချပြီး မင်ရှစ်ရင်ကို လေးနက်စွာကြည့်လိုက်လေ၏။

“ကျွန်တော် ရှစ်စွင်းရဲ့အမိန့်ကို မနာခံရဲဘဲမနေနိုင်ဘူး။ သူ့ရဲ့စိတ်ကို တာ့ရှစ်ရှိုး သိသင့်တယ်။ အမိန့်အတိုင်းဆောင်ရွက်နေရုံပဲ။ သေတ္တာနဲ့ ပြန်မလာခဲ့ရင် ရှစ်စွင်းက ကျွန်တော့်ကို အပြစ်ပေးမှာ သေချာတယ်” မင်ရှစ်ရင်က ပြန်ပြောလိုက်၏။

ယွီကျန့်ဟိုင်က ပေါ့ပေါ့ပါးပါး ရယ်မောကာ ပြောလိုက်တော့သည်။

ငါ့တပည့်တွေ အကုန် ဗီလိန်တွေချည်းပဲOù les histoires vivent. Découvrez maintenant