အခန်း (၁၃၄) တာ့ရှစ်ရှိုးရဲ့ မိတ်ဆွေရင်း

1.6K 235 2
                                    

အခန်း (၁၃၄) တာ့ရှစ်ရှိုးရဲ့ မိတ်ဆွေရင်း

လုကျိုးက စနစ်၏ အသိပေးချက်ကို ကြားလိုက်ရသည့်အခါ အနည်းငယ် အံ့အားသင့်သွားမိ၏။ ကျိထျန်းတောက်က သူ့တပည့်များကို သူတို့ကျင့်စဉ်များ သင်ကြားပေးခဲ့စဉ်အခါက အချက်အလက်များစွာ ထိန်ချန်ထားခဲ့သည်။ သူတို့ကျင့်ကြံဆင့်ကို ဖိနှိပ်ထားသည့်အပြင် လက်နက်ပိုင်ဆိုင်မှုကိုလည်း ကန့်သတ်ထားခဲ့၏။

လုကျိုး၏ တပည့်များက သူ့အနေနှင့် သူတို့ ကျင့်ကြံရေး တိုးတက်မှုကို ဆက်လက်ဖိနှိပ်ထားခြင်း မရှိတော့သည်ကို မြင်လိုက်ရသည့်အခါ ပုံမှန်အားဖြင့် အံ့ဩသွားကြသည်။

ကျင့်စဉ်များကို ပြီးပြည့်စုံအောင် ပြင်ဆင်ပေးပြီးနောက် လုကျိုးက စုတ်တံကို ချလိုက်သည်။ သူက မုတ်ဆိတ်မွေးကို သပ်ကာ  “မင်းတို့ ကျင့်စဉ်တွေကို ပြင်ဆင်ပေးထားတယ်။ ငါ့ကို စိတ်မပျက်စေနဲ့ ”

တပည့်သုံးယောက်က ပြိုင်တူ ဒူးထောက်ကာ  “ရှစ်စွင်းကို စိတ်မပျက်စေရပါဘူး ”

ထိုစဉ် အံ့ဖွယ်မြို့တော်၌ …

တော်ဝင်မိသားစု၏ ရထားလုံးပျံက အံ့ဖွယ်မြို့တော်၏ မင်းသားချီအိမ်တော်မှ ဖြည်းဖြည်းချင်း မြင့်တက်လာသည်။ ရထားလုံးပျံကို ကျင့်ကြံသူများစွာ ခြံရံထားသည်။ သူတို့က ဘေးပတ်လည်တွင် အစီအရင်တစ်ခု ခင်းကျင်းထားလေ၏။ ရထားလုံးပျံက ပျံသန်းသွားသောကြောင့် မင်းသားချီ အိမ်တော်၏ အလံက လေထဲ တလွှင့်လွှင့် ဖြစ်နေလေသည်။

စီးဝူယာ့က ထိုအရာကို မြင်လိုက်သည့်အခါ ခပ်ယဲ့ယဲ့ ပြုံးကာ  “တာ့ရှစ်ရှိုးက တကယ်ကို သတ္တိကောင်းပြီးတော့ အရည်အချင်းရှိတာပဲ။ သူက မင်းသားချီ အိမ်တော်ဆီ သွားမယ်လို့ တွေးမထားမိဘူး ”

“ ဂိုဏ်းချုပ်  ကျွန်တော်တို့ လိုက်ဖမ်းလိုက်ရမလား”

“ မလိုဘူး။ ဒီမှာပဲ စောင့်နေ”

“နားလည်ပါပြီ”

စီးဝူယာ့က လျှောက်လှမ်းလာသည်။ သူက လျှို့ဝှက်ဆန်းကြယ် သေတ္တာကို လက်တွင် ကိုင်ဆောင်ရင်း ရထားလုံးပျံအထိ ပျံသန်းလာလေ၏။

ငါ့တပည့်တွေ အကုန် ဗီလိန်တွေချည်းပဲWhere stories live. Discover now