အခန်း (၅၉) အထက်ဆုံးဓား

1.7K 269 3
                                    

အခန်း (၅၉) အထက်ဆုံးဓား

“ငါ့ရဲ့ဓားက ငါနဲ့နှစ်ပေါင်းများစွာတိုက်ပွဲဝင်ခဲ့ပြီး မရေမတွက်နိုင်တဲ့ရန်သူတွေကို သတ်ခဲ့တာ သူ့ရဲ့ ကိုယ်ပိုင်အခန်း ရှိသင့်တယ်။ ဒါပေမဲ့ ငါ့ရဲ့ဓားနဲ့ တခါမှ မခွဲဖူးဘူး။ နှစ်ခန်းက အစ်ကို့အတွက် လုံလောက်ပြီ”

လုကျိုးက တည်ငြိမ်နေပုံပေါ်၏။ သို့သော် သူ့ရင်ထဲတွင်မူ ငိုရမည်လား၊ ရယ်ရမည်လားမသိတော့ပေ။ ဤလောကထဲတွင် ထိုကဲ့သို့  ကြောင်တောင်တောင်လူရှိသည်ဆိုတာ သူမယုံနိုင်ပေ။ သို့သော် သူ့အဖို့ အံ့ဩသွားရသည်က ရှောင်ယွမ်အာသည် တွေးတွေးဆဆဖြင့် သူမ၏မေးစေ့ကို ထိလိုက်သည်။ ပြီးနောက် လက်ခံသည့်အနေဖြင့်ခေါင်းငြိမ့်ကာ ပြောလိုက်တော့သည်။

“ရှင်တို့နှစ်ခန်း လိုအပ်တယ်ဆိုတာ ကျွန်မသဘောတူတယ်”

“ကျေးဇူးပြုပြီး ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ။ လေးစားရတဲ့ ဧည့်သည်တော်” ဆိုင်ရှင်သည် နတ်ဒေဝါဦးတည်နယ်ပယ်ကျင့်ကြံသူ ဒေါသမထွက်တာကို မြင်သည့် အချိန်၌ သူ၏စိတ်သဘောထားက ပိုမိုဖော်ရွေလာပြီး ပိုယဉ်ကျေးလာတော့၏။

“ခဏလေး” လုကျိုးက ရုတ်တရက်ပြောလိုက်သည်။

ယင်းက လူရွယ်နှင့်ဆိုင်ရှင်တို့ကို ရပ်တန့်သွားစေကာ သူတို့နှစ်ဦးလုံးက မြေကြီးပေါ်အလွယ်တကူ တွန်းချနိုင်အောင် အားနည်းပုံပေါ်သည့် အဘိုးအိုကို လှည့်ကြည့်လိုက်ကြသည်။

“ဘာများဖြစ်လို့လဲ လူကြီးမင်း” ဆိုင်ရှင်က မေးလိုက်၏။

“ငါ ကောင်းကင်အဆင့် အခန်းလိုချင်တယ်”

“ဒါပေမဲ့”

လုကျိုးက လက်တစ်ဖက်ကာလိုက်ပြီးနောက် ပြောလိုက်သည်။ “ယွမ်အာ” သူ့အသံ ထွက်လာသည်နှင့် ရှောင်ယွမ်အာက သူ၏လက်ဟန်ကို နားလည်သည်။ သူမကိုယ်ထဲ၌ စွမ်းအင်လှိုင်းများ ပေါက်ကွဲလာပြီးနောက် ရစ်ဝဲသွားတော့သည်။ ပြီးနောက် စွမ်းအင်လှိုင်းက သူမဆီ ပြန်ရောက်လာကာ ရုတ်တရက်တွင် အရပ်မျက်နှာအနှံ့ လှိုင်းဂယက်တစ်ခုသဖွယ် ပြန့်ကားသွားတော့သည်။

ငါ့တပည့်တွေ အကုန် ဗီလိန်တွေချည်းပဲWhere stories live. Discover now